နှစ်ဦးနှစ်ဖက် ချစ်လို့ပဲဖြစ်ဖြစ်၊ အိမ်ကသဘောတူ ပေးစားလို့ပဲဖြစ်ဖြစ် အိမ်ထောင်ပြုပြီးတဲ့နောက်မှာ ခိုင်မြဲတဲ့ မိသားစုဘဝတစ်ခုရရှိအောင် အမျိုးသားကော၊ အမျိုးသမီးမှာပါတာဝန်ရှိပါတယ်...။ သာယာခိုင်မြဲတဲ့ အိမ်ထောင်တစ်ခုမှာ သားသား၊ မီးမီးလေးတွေရဲ့ ကဏ္ဍ ကလည်းများစွာအရေးပါလှပါတယ်...။ အကယ်၍များ မိဘတွေက သဘောထားမတိုက်ဆိုင်တော့လို့ ကွာရှင်းပြတ်စဲကြတော့မည်ဆိုလျှင် မိမိတို့ ရင်သွေးတွေနဲ့ အနာဂတ်လှပဖို့ကိုထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်....။

ကွာရှင်းပြီးတဲ့နောက်မှာ မလုပ်သင့်တဲ့အမှားတွေကြောင့် ကလေးတွေရဲ့ ဘဝကိုပျက်စီးသွားစေနိုင်ပါတယ်....။ "သင်တို့ရဲ့ ကလေးကို အရွယ်ရောက်ပြီလားဆိုပြီး စောင့်ကြည့်လေ့လာတာမျိုးတွေ" ကိုမလုပ်ရပါဖူးနော်...။ ကလေးက ကလေးဖြစ်တာမလို့ သူတို့လေးတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာ သင်တို့(အဖေ၊ အမေ)ပေါ်မှာပဲအများကြီး သက်ဆိုင်တာဖြစ်ပါတယ်...။ နောက်ထက်အရေးကြီးတာက "ရွေးချယ်ခိုင်းစေတာ" ပဲဖြစ်ပါတယ်...။ တစ်ဦးနဲ့ တစ်ဦး ကိုယ့်ဘက်မပါပါအောင် လွန်ဆွဲသလိုမျိုး ဆွဲနေကြပြီး ကလေးတွေရဲ့ စိတ်နှလုံးကိုများစွာ ရှုပ်ထွေးစေတာကြောင့် စိတ်ဒဏ်ရာတွေက တစ်သက်လုံး ဖြစ်သွားစေနိုင်ပါတယ်...။ ဒါကြောင့်မလို့ မလုပ်သင့်ပါဖူးနော်....။

မိဘတွေ အနေနဲ့ ကလေးတွေရဲ့ စိတ်ခံစားချက်ကို လစ်လျူမရှုသင့်ပါဖူးနော်....။ သူတို့လေးတွေရဲ့ စိတ်က အရမ်းကို နူးညံ့ပြီး၊ ထိခိုက်ပွန်းရှလွယ်တာမလို့ အပြစ်တင်တာတို့၊ ဆူပူတဲ့ အပြုအမူတွေကို မလုပ်သင့်ပါဖူးနော်...။ မိဘတွေ အများဆုံးလုပ်မိတဲ့အမှားကတော့ "မိဘတွေ ဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုကို သူတို့ကလေးတွေက နားမလည်ဖူးလို့" ထင်မှတ်တာပဲဖြစ်ပါတယ်....။ အဲ့လိုလုံးဝမထင်လိုက်ပါနဲ့ အဖေနဲ့ အမေ စကားများတာဖြစ်ဖြစ်၊ ရန်ဖြစ်တာပဲဖြစ်ဖြစ် နို့စို့အရွယ်မှစပြီး ၃ နှစ်သား ၄နှစ်သား ကလေးတွေကအစသိကြတာဖြစ်ပါတယ်...။ နှစ်ဦးသား လမ်းခွဲဖို့စကားပြောမယ်ဆိုရင် သူတို့လေးတွေရဲ့ စိတ်ခံစားချက်ကို ငဲ့ညှာပြီး၊ အရေးတယူနဲ့ လုပ်ဆောင်ပေးဖို့လိုပါတယ်...။ ပရိသတ်ကြီးရေ ကလေးတွေရဲ့ အနာဂတ်ဘဝလှပဖို့ လမ်းခွဲဖို့ကို သေချာစဉ်းစားဆုံးဖြတ်ရမှာဖြစ်ပြီး၊ လမ်းခွဲ ပြတ်စဲကြမယ်ဆိုသည့်တိုင်အောင် မိမိတို့ရင်သွေးတွေရဲ့ ဘဝမပျက်စီးစေဖို့ လုပ်ရက်အမှားတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ် ရမှာဖြစ်ပါတယ်....။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။