လက်ရှိ မြန်မာ့လက်ဝှေ့ရဲ့ ရေပန်းစားလူကြိုက်များနေတဲ့ ချန်ပီယံကြီးဒေဝကတော့ တစ်နေ့ထက်တစ်နေ့ မရိုးအောင်သူ့ရဲ့ ပညာတွေပြသလေ့ရှိတာတွေ့ရပါတယ်။လက်ရှိဒေဝကတော့ မြန်မာ့လက်ဝှေ့ရဲ့ ပြိုင်စံရှားသူလက်ဝှေ့ဖိုက်တာတစ်ဦးအဖြစ်ရပ်တည်နေပြီး မြန်မာလူမျိုးတွေရဲ့ အချစ်တော်ကြီးတစ်ယောက်လည်းဖြစ်နေပါပြီ။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေကို အထင်ကြီးလေးစားတက်သူတစ်ယောက်ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။ လက်ရှိ ဒေဝကတော့ မြန်မာ့သူရဲကောင်းတွေထိုးလေ့ရှိတဲ့ ထိုးကွင်းတွေကို ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲခဲ့ပြီး မြန်မာလူမျိုးတစ်ယောက်အဖြစ် ခံယူထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ 

ဒီကနေ့ ဒေဝကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် မြန်မာ့သွေးတွေစီးဆင်းနေကြောင်းရေးသားပြောပြထားတာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်တွေထဲမှာ မြန်မာ့ရိုးရာဝတ်စုံနဲ့အတူ အမြဲလိုလိုနေထိုင်တက်တဲ့ ဒေဝရဲ့ ပုံရိပ်တွေနဲ့ မြန်မာ့လက်ဝှေ့ကို ချစ်မြတ်နိုးပုံ ပြန်လည်သင်ကြားပေးနေပုံတွေလည်းပါဝင်နေတာတွေ့ရပါတယ်။

PHOTOS - DAVE  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။