ကမ္ဘာမှာမြန်မာလို့ပြောလိုက်တာနဲ့ အားလုံးရဲ့နှလုံးသားထဲမှာ ရွေရောင်ဝင်းလက်နေတဲ့ဘုရားစေတီပုထိုးပေါင်းများစွာနဲ့ ကျက်သရေရှိလှတဲ့ ပုဂံဒေသ ပြေးမြင်ကြမှာပဲဖြစ်ပါတယ်။ပြည်တွင်းက ဒေသခံများသာမက ကမ္ဘာလှည့်ခရီးသွားများရဲ့ အထူးစိတ်ဝင်တစားလေ့လာခြင်းကိုခံရပြီး မသွားရမနေနိုင်အောင် ဆွဲငင်ထားတာပဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နှလုံးသားလို့ တင်စားတဲ့ ပုဂံဒေသဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ UNESCO က သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။ 

ထိုသို့ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခု သတ်မှတ်လိုက်ခြင်းကြောင့် ပုဂံဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ အရှိန်အဟုန်နဲ့ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။အဇာဘိုင်ဂျန်နိုင်ငံမှာဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင်လ ၁၀ ရက်နေ့အထိကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့UNESCO ၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေး ၇ ရက်မြောက်နေ့မှာ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေးမှာလည်း ပျူမြို့ဟောင်း (၃)မြို့ဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာမြို့ဟောင်းတွေကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီးပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာဖြစ်ပါတယ်။ထိုသို့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ပုုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရခြင်းဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ဂုဏ်ယူဖွယ်ရာတစ်ခုလဲ ဖြစ်ပါတယ်နော်။မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ် စိမ်းစိုသာယာလှပမှုတွေကို ဆက်လက်ထိန်းသိမ်းရင်းကမ္ဘာကအသိအမှတ်ပြုလာနိုင်သည်အထိ ကြိုးစားနေထိုင်နိုင်ရန် Myanmarload ချစ်ပရိသတ်ကြီးများကို တိုက်တွန်းနှိုးဆော်ရင်း ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ခံရတဲ့ ပုဂံဒေသရဲ့ လှပမှုတွေကိုဖော်ပြပေးလိုက်ရပါတယ်နော်။

Photos-MORAC - Culture News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။