လက်တလော ပြည်တွင်းရေကြီးမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း သိရှိကြမယ်ထင်ပါတယ်။ ရေကြီးမှုတွေကြောင့် သေဆုံးမှုတွေနဲ့အတူ နေအိမ်စွန့်ခွာကာ ရေဘေးရှောင်အဖြစ်ခိုလှုံနေရသူတွေများစွာရှိခဲ့ပြီး အစားအသောက်နဲ့ ဆေးဝါးအပြင် အခြားလိုအပ်မှုတွေကတော့ များစွာရှိနေကြောင်း သိရပါတယ်။  

အဆိုပါ ရေကြီးမှုဒေသတွေကို ပြည်တွင်းအနုပညာရှင်များစွာနဲ့အတူ ပရဟိတအဖွဲ့များစွာကပါ ပါဝင်လှူဒါန်းမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ၎င်းလှူဒါန်းမှုတွေထဲမှာ ဦးကျော်သူဖွဲ့စည်းထားတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၆ရက်နေ့မှာလည်း အဆိုပါ နာရေးကူညီမှုအသင်းကတော့ မွန်ပြည်နယ်ရေဘေးသင့်ဒေသတွေအတွက် ဒုတိယအကြိမ်မြောက်သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါလှူဒါန်းမှုတွေထဲမှာ မွန်ပြည်နယ် ကျိုက်ရောမြို့နယ် ဖာသိမ်ကျေးရွာ အိမ်ထောင်စု (၃၂၉) စု လူဦးရေ (၈၁၅)ဦး အတွက် လိုအပ်ချက်များစွာ ဖြည့်ဆည်းပေးခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။ လေးစားစရာကောင်းတဲ့ ဒီကနေ့ ရေဘေးအလှူပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos- နာရေးကူညီမှုအသင်း(ရန်ကုန်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။