စာဖတ်ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ လည်ပင်းကြီးရောဂါ အကြောင်းပဲဖြစ်ပါတယ်....။ ထိုရောဂါဟာဆိုရင် လည်ပင်း၏အရှေ့ပိုင်း လည်စိနှင့် ရင်ပတ်ရိုးကြားရှိ လည်ပင်းအဆမတန်ကြီးထွားနေသောရောဂါပင်ဖြစ်ပါတယ်....။ ထိုရောဂါသည် အမျိုးသား ကြီး၊ငယ်တွင်ဖြစ်လေ့ရှိတာထက် အမျိုးသမီးကြီးငယ်တွင် ပို၍အဖြစ်များတာကိုတွေ့ရှိရပါတယ်...။ အရွယ်ကြီးထားနှုန်းအလွန်မြန်မှု၊ ကိုယ်ဝန်ဆောင်ရမှုနှင့် စိတ်လှုပ်ရှားမှုတို့၏ ဒဏ်တွေကြောင့် ထိုလည်ပင်းကြီးရောဂါ စွဲကပ်ရခြင်းပင်ဖြစ်ပါတယ်....။

အဆိုပါလည်ပင်းကြီးရောဂါသည် အသက်၁၀နှစ် နှင့် ၃ဝ ကြားရှိ ယောကျာ်း၊ မိန်းမများတွင်ဖြစ်လေ့ဖြစ်ထရှိတာဖြစ်ပါတယ်....။ လူလားမြောက်ကစ ကြီးထွားမှုလျင်မြန်သောအခါ၌ ဖြစ်ပေါ်သော လည်ပင်ကြီးရောဂါသည် အများအားဖြင့် အရွယ်ရောင်ပြီးအခါတွင် ပျောက်ကင်းသွားတတ်ပါတယ်....။ တစ်ခါတစ်ရံ သောက်ရေ၌ အိုင်အိုဒင်းဓာတ်ပါဝင်မှုနည်းလျှင် ထိုရောဂါကိုဖြစ်စေတတ်ပါတယ်...။ ထို့ပြင် မသန့်သောရေကို သောက်သုံးခြင်းဖြင့်လည်း ထိုရောဂါဖြစ်စေတတ်ပါတယ်....။

လည်ပင်းကြီးရောဂါမဖြစ်ပေါ်စေရန် ပင်လယ်မှရရှိသော အစာများနှင့် အိုင်အိုဒင်းဓာတ်ပါရှိသော ရေကိုသုံးစွဲပေးရမှာဖြစ်ပါတယ်...။ အခြားနည်းလမ်းဖြင့်ပြုလုပ်ထားသော အိုင်အိုဒင်းဓာတ်ပါသည့် အစာများကိုစားပေးခြင်းဖြင့်လည်း လည်ပင်းကြီးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်နော်....။လည်ပင်းကြီးရောဂါဖြစ်လျှင် ထိုရောဂါ၏အခြေအနေကို စစ်ဆေး၍လည်းကောင်း၊ လူနာရဲ့ အခြေအနေကို စစ်ဆေး၍ လည်ကောင်း ကုသပေးလေ့ရှိတာဖြစ်ပါတယ်....။ တစ်ခါတစ်ရံတွင် ခွဲစိတ်၍လည်းကောင်း၊ တစ်ခါတစ်ရံတွင်အိပ်စရေး ရောင်ခြည်ဖြင့်လည်း ခွဲစိတ်ကုသပေးလေ့ရှိကြောင်းသိရှိရပါတယ်...။ ဘယ်ရောဂါမဆို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ ကောင်းမွန်တာမလို့ ကျန်းမာရေးဗဟုသုတရဖွယ်တင်ဆက်ပေးလိုက်ပါတယ်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။