အဆိုတော်နီနီခင်ဇော်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Super Red နှုတ်ခမ်းနီနဲ့ အနီရောင် ဒီဗီဒီရောင်းချပွဲကို အောက်တိုဘာလ၈ရက်နေ့က Junction Square ၌ ပြုလုပ်ခဲ့သည်။ ပရိုမိုးရှင်းပွဲမပြုလုပ်ခင်အထိ မိုးများဆက်တိုက် ရွာသွန်းနေသော်လည်း ပရိသတ်များက ထီးများဆောင်း၍ အားပေးခဲ့သည်။ 

၎င်းပွဲအခမ်းအနားတွင် နီနီခင်ဇော်နှင့်အတူ စိုင်းစည်တွမ်ခမ်း၊ အားတီ၊ အောင်ထက်၊ ဝိုင်းလေးတို့လည်း အမှတ်တရလက်မှတ်ရေးထိုးခဲ့ကြပြီး ပရိသတ်များနှင့်ဓာတ်ပုံတွဲရိုက်ကူးကာ တေးသီချင်းများ ဖျော်ဖြေတင်ဆက်ခဲ့သည်။ 

ထို့အပြင် ၂၀၁ရနှစ်ဆန်းပိုင်း၌ ပြုလုပ်မည့် နီနီခင်ဇော်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် လက်မှတ်များလဲ ကြိုတင်ရောင်းချခဲ့သည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။