လက်ရှိ အဆက်မပျက်ရွာသွန်းနေတဲ့ မိုးရေတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့အတူ တိုင်းဒေသကြီးအနှံ့အပြားမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်အဆောက်အဦးများ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်းရေနစ်မြုပ်မှုတွေနဲ့အတူ လမ်းပမ်းဆက်သွယ်ရေး ရေကြီးမှုတွေနဲ့အတူ ဆေးရုံတွေလည်း နစ်မြုပ်မှုတွေဖြစ်ပေါ်လျှက်ရှိကြောင်း သိရပါတယ်။     

ရေကြီးမှုကြောင့် နေအိမ်စွန့်ခွာသူတွေများစွာရှိနေပြီး ရေဘေးသင့်စခန်းများစွာကိုလည်းနေရာအနှံ့အပြားမှာ ဖွင့်လှစ်ထားနေရကြောင်း သိရပါတယ်။ လက်ရှိ မော်လမြိုင်မြို့ရှိ ဒေသအချို့မှာလည်း ရေကြီးမှုဆိုးရွားလာတာကြောင့် လူဦးရေ ၃၀၀ နီးပါကို ယာယီကယ်ဆယ်ရေးစခန်းတွေသို့ ပိုဆောင်ခဲ့ရကြောင်း သိရပါတယ်။ လက်ရှိ သီရိမြိုင် အထက ၁၁ မှာဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာ လူ ၃၀၀ နီးပါးရှိနေပြီး ရေထဲပိတ်မိနေသူတွေကိုလည်း အရေးပေါ်ကယ်ဆယ်မှုတွေပြုလုပ်နေရကြောင်းသိရပါတယ်။  

အဆိုပါပိတ်မိနေတဲ့သူတွေနဲ့ အရေးပေါ်လူနာတွေကို ရေထဲမှ သယ်ထုတ်ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ပေးနေရပြီး မြွေကိုက် ကလေးမွေး အရေးပေါ် အခြေအနေတွေလည်း ရှိနေကြောင်း သိရပါတယ်။ ခုလက်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ အထက ၁၁ ရှေ့ သီရိမြိုင်ဓမ္မာရုံကနေ မိုးခဏခိုပြီး တင်ပေးနေတာပါ။ ရေအနည်းဆုံး နေရာပါ။ အထဲဘက်မှာတော့ ကယ်ထုတ်နေရတုန်း။လူမှုကယ်ဆယ်ရေးအဖွဲ့တွေအားလုံး ရေထဲမှာရှိနေကြောင်း သိရပါတယ်။ ဒါအပြင် လက်ရှိ မော်လမြိုင်အပြင် မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် မုတ္တမမြို့တွေမှာလည်း ရေကြီးလျှက်ရှိကြောင်း သိရပါတယ်။

photos - မွန်ပြည်နယ် သတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။