လက်ရှိ အဆက်မပျက်ရွာသွန်းနေတဲ့ မိုးရေတွေကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့အတူ တိုင်းဒေသကြီးအနှံ့အပြားမှာ ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိုးရွာသွန်းမှုတွေကြောင့် နေအိမ်အဆောက်အဦးများ ရေနစ်မြုပ်ခြင်း၊ စာသင်ကျောင်းရေနစ်မြုပ်မှုတွေနဲ့အတူ လမ်းပမ်းဆက်သွယ်ရေးတွေ ပိတ်ဆို့မှုတွေလည်းဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

သြဂုတ်လ ၇ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းမှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တိုင်ဒေသကြီး အင်းစိန်မြို့နယ် လမ်းသစ်လမ်း တလျှောက်နှင့် အင်းစိန်ခုံးကျော်တံတားအဆင်းတို့တွင် ရေပြည့်ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါလမ်းသစ်လမ်းသည် နံ့သာကုန်းရပ်ကွက်တွင်တည်ရှိပြီး ရပ်ကွက်အတွင်းရှိ လမ်းသွယ်များပါ ရေများပြည့်လျှံလျက်ရှိကြောင်း ဒေသခံတွေထံမှ သိရပါတယ်။  

အင်းစိန်မြို့နယ် အဓိကရေမြောင်းကြီးများသည် အင်းစိန်ကန္နားရပ်ကွက် ရှိ လှိုင်မြစ်နှင့်ဆက်စပ်လျက်ရှိပြီး လှိုင်မြစ်ရေတိုးလျှင် အင်းစိန်ကန္နား အနောက်ရပ်ကွက်၊ ရွာမရပ်ကွက်၊ တောင်သူကုန်းရပ်ကွက်၊ နံ့သာကုန်း ရပ်ကွက်တို့ ရေကြီးရေမြုပ်ခြင်းတို့သည် နှစ်စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။ အဆက်မပျက် မိုးရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေနဲ့အတူ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တဲ့ ရန်ကုန် အင်းစိန်လမ်းမပေါ်က ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။