ပရိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ မြန်မာ့ပထမဆုံး ဂြိုလ်တုလွှတ်တင်မှုကို ဒီကနေ့ သြဂုတ်လ ၇ ရက်နေ့မှာ အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ပါပြီ။ မြန်မာနိုင်ငံပိုင် Myanmar Sat 2 ပါဝင်သည့် Intelsat 39 မြေပြင် တည်ငြိမ်ပတ်လမ်းသွား ဆက်သွယ်ရေး ဂြိုဟ်တုကို အမေရိကန်ဒေသစံတော်ချိန် ၄ နာရီ ၁၇ မိနစ်(မြန်မာစံတော်ချိန် နံနက် ၂ နာရီ)တွင် တောင်အမေရိကတိုက် မြောက်အတ္တလန်တိတ် သမုဒ္ဒယာကမ်းခြေပြင်သစ်ဂီယာနာ (French Guiana) ရှိ အာရိယန် အာကာသ ဒုံးပျံ ပစ်လွှတ် ရေးအခြေစိုက်စခန်း (Ariane Space Launch Base)မှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အောက်တိုဘာလ (၁၀ လပိုင်း) တွင်စတင်အသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။  

"ဂြိုဟ်တုကတော့ ပတ်လမ်းပေါ်ကိုရောက်သွားပြီ ၃၉ မိနစ် မှန်းထားတာ ၃၅ မိနစ်လောက်မှာ ပတ်လမ်းပေါ်ကိုရောက်သွားတယ် ဂြိုဟ်တုရဲ့ သဘောအရ မြေပြင်ရေပြင်မရွေး ဆက်သွယ်မှုအခွင့် အလမ်း ရသွားမယ် ဘယ်သူမဆိုဆက်သွယ်မှုရမယ် ခေတ်နောက်မကြတော့ဘူး အရင်က ဥရောပတိုက် အာဖရိကတိုက် နဲ့အာရှ မှာဌားရမ်းအသုံးပြုတာ ဒေါ်လာသန်းပေါင်းများစွာကုန်တယ် အခုကိုယ်ပိုင်လွှတ် တင်တဲ့ အတွက် အစစအရာရာ ပိုအဆင်ပြေသွားမှာပါ" ဟု သတင်း အချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့ပါတယ်။ အဆိုပါဂြိုဟ်တုကိုလွှတ်တင်ရခြင်းမှာ ဂြိုဟ်တုစနစ်ဖြင့်အသုံးချစနစ်များ ဖော်ဆောင်နိုင်ရန် ဆက်သွယ်ရေး ပညာရေး ကျန်းမာရေး စိုက်ပျိုးရေးစသည့်နေရာများတွင် ပြည်သူလူထုအတွက်အကျိုးရှိစေရန်စသည့်ရည်ရွယ်ချက်များဖြင့်လွှတ် တင်ခြင်းဖြစ်ပြီး ယခုကဲ့သို့လွှတ်တင်နိုင်ခဲ့ခြင်းကြောင့် ဆက်သွယ်ရေးကဏ္ဍတွင် ရှစ်ဆကိုးဆခန့် ပိုမိုမြန်ဆန်လာပြီးဝေးလံခေါင်ဖျား၍ ဖိုက်ဘာဆက်ကြောင်းမရှိသည့်နေရာများ သို့တီဗွီများ ပြသနိုင် မည့်အပြင် နိုင်ငံတကာသို့ ဗွီဒီယိုများထုတ်လွှင့် ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ 

ဂြိုဟ်တုလွှတ်တင်နိုင်ရန်သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံးရေးဦးစီးဌာနနှင့် Intelsat ကုမ္ပဏီတို့မှ သဘောတူညီမှုစာချုပ်ကို ၂၀၁၈ ခုနှစ် ဇွန် ၁ ရက်တွင်စတင်လက်မှတ်ရေးထိုးခဲ့ပြီး စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းခန့်ဖြစ်ကြောင်း သိရပါတယ်။ Myanmar Sat 2 သည် မြန်မာနိုင်ငံအနေဖြင့် C-band လိုင်းအင်အားပေါင်း 432 MHz၊ Kuband လိုင်းအင်အားပေါင်း 432 MHz စုစုပေါင်း 864 MHz ကို အသုံးပြု နိုင်မည်ဖြစ်ပြီး ဂြိုဟ်တုသက်တမ်းမှာ ၁၅နှစ်ကာလ ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ သက်တမ်းကုန်ဆုံးသည်အထိ အသုံးပြုခွင့် ရမည်ဖြစ်ကြောင်း သိရပါတယ်။ ဒီကနေ့ မနက်ပိုင်းက လွှင့်တင်ခဲ့တဲ့ မြန်မာနိုင်ငံပိုင် Myanmar Sat 2 ဂြိုလ်တုလွှင့်တင်မှုဗီဒီယိုဖိုင်ကို ပရိသတ်တွေကြည့်ရှု့နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

SOURCE - tHE MIRROR DAILY 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။