လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ဒီကနေ့နံနက်(၉)နာရီအချိန် တိုင်းတာချက်များအရ လှိုင်းဘွဲချောင်းတွင် စိုးရိမ်ရေအမှတ် (၉၈၀) စင်တီမီတာရှိသည့်အနက် (၁၀၃၅) စင်တီမီတာသို့ လည်းကောင်း၊ သံလွင်မြစ်ရေသည် (၁၀၇၅) စင်တီမီတာသို့ လည်းကောင်းရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် တောင်ကျ ချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ၍ ကျောင်းသားကျောင်းသူများ သွားလာရာတွင် အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လှိုင်းဘွဲမြို့နယ်တွင် အခြေခံပညာကျောင်း (၂၁) ကျောင်းနှင့် ပိုင်ကျုံမြို့တွင် (၁၅)ကျောင်း စုစုပေါင်း(၃၆)ကျောင်းကို ခေတ္တပိတ်ထားရခြင်းဖြစ်ကြောင်း သိရပါတယ်။

မိုးရွာသွန်းမှုများပြားလျှက်ရှိတဲ့ ပြည်တွင်းဒေသများစွာမှာ လမ်းပန်းဆက်သွယ်ရေးနဲ့အတူ ပညာရေးကျောင်းများစွာကိုလည်း ပိတ်ဆို့ထားခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ ပိတ်ဆို့ထားရတဲ့ ကျောင်းတွေထဲမှာ အခြေခံပညာကျောင်းများစွာပါဝင်နေကြောင်း သိရပါတယ်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၃၆)ကျောင်းအား ခေတ္တပိတ်ထားခဲ့ရကြောင်း သိရပါတယ်။

အဆိုပါရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်းကြောင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများတွင် နေထိုင်သည့် အိမ်ထောင်စု(၁၀၈)စု စုစုပေါင်းလူဦးရေ (၅၇၂)ဦးတို့အား ရေကင်းလွတ်ရာ နေရာများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရပါတယ်။ ဒါအပြင် အဆိုပါရေဘေးသင့်ပြည်သူတွေရဲ့ နေထိုင်မှု၊ စားသောက်မှု အဆင်ပြေစေရေးအတွက် မြို့နယ်သဘာဝဘေးကြီးကြပ်မှု ကော်မတီက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။