လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံနဲ့အတူ လမ်းတံတားသစ်ပင်များပြိုကျပျက်စီးမှုကတော့ မရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။ လက်ရှိ မိုးရာသီကိုရောက်ရှိနေတာဖြစ်သလို မကြာခဏလည်း လေပြင်းတိုက်ခတ်မှုရှိနေတာတွေ့ရပါတယ်။ သြဂုတ်လ ၅ရက်နေ့ ဒီကနေ့ မနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်ခဲ့မှုပြင်းထန်ခဲ့ကြောင်း သိရပါတယ်။   

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်အချို့တွင် သစ်ပင်ပြိုလဲခြင်း တွေနဲ့အတူ မော်တော်ယာဉ်များစွာပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းမြို့တွေထဲမှာ လမ်းမတော်မြို့နယ်တွင်လည်း သစ်ပင်များ ပြိုလဲကျိုးကျခြင်းအပြင် မင်းရဲကျော်စွာလမ်းရှိ သစ်ပင်များကျိုးကျခဲ့ခြင်းကြောင့် ရပ်တန့်ယာဉ် ၅ စီး အထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။  

ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး ယခုမိုးရာသီအတွင်း ပျက်စီးဆုံးရှုံးမှုတွေထဲက အများဆုံးဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ လေပြင်းတိုက်ခတ်မှုပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

PHOTOS - လမ်းမပေါ်ဒီချူပ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။