ပြည်တွင်း မြို့ကြီးတိုင်းမှာ ရုပ်ရှင်ကြည့်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အဓိကနာမည်ကြီးမြို့ကြီးများနဲ့ အထင်ကရနေရာတွေမှာသာ ရုပ်ရှင်ရုံတွေကို ထားရှိပြီး ရုပ်ရှင်ရုံမရှိတဲ့ မြို့တွေလည်း များစွာရှိနေကြောင်းသိရပါတယ်။ အဆိုပါ မြို့ကြီးတွေကို ရုပ်ရှင်ရုံအသစ်တွေ ဖွင့်လှစ်ပေးလေ့ရှိပြီး ရုပ်ရှင်ရုံဖွင့်ပွဲတွေကို မကြာခဏကျင်းပပြုလုပ်ပေးလေ့ရှိတာတွေ့ရပါတယ်။  

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ပါရာဒီဆို ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့နံနက်ပိုင်းက အဆိုပါရုပ်ရှင်ရုံတည်ရှိရာ အမှတ်(၃/၁၉) ဘုရားကြီးလမ်း အောင်မြင်မာန် ရပ်ကွက်ရှိ ပါရာဒီဆိုရုပ်ရှင်ရုံရှေ့တွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။ ပါရာဒီဆို ရုပ်ရှင်ရုံခန်းမဖွင့်ပွဲသို့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလားထောင်ထန်း၊ ပါရာဒီဆိုရုပ်ရှင် အမှုဆောင် ဒါရိုက်တာ ဦးသူရ (ခေါ်) ဦးဇာဂနာ နှင့် ရုပ်ရှင်နှင့် ဗွီဒီယို သရုပ်ဆောင် ဦးလူမင်း တို့က ရုပ်ရှင်ရုံ အဆောက်အဦကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း ပါရာဒီဆိုရုပ်ရှင်ရုံများကို မုံရွာ၊ ရွှေဘို၊ ကလေးမြို့များတွင် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ပါရာဒီဆို ကုမ္ပဏီအနေဖြင့် ရုံတစ်ရာစီမံကိန်းကို ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ် လေးနှစ်တာကာလအတွင်း ဆောက် လုပ်နိုင်ရေးရည်မှန်းထားပြီး ၂၀၁၉ ခုနှစ်အတွင်း ရုပ်ရှင်ရုံပေါင်း ၄၀ အထိ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။ ဖွံ့ဖြိုးဆဲဒေသတွေကို အဓိကထားလုပ်ဆောင်ပေးနေတဲ့ အဆိုပါ ရုပ်ရှင်ရုံဖွင့်ပွဲပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။