ကမ္ဘာ့အဓိကဘာသာကြီးလေးခုဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ အစ်စလာမ်နှင့် ဗုဒ္ဓဘာသာကိုတော့ အားလုံးသိရှိကြမယ်ထင်ပါတယ်။ အခြားယုံကြည်ကိုးကွယ်မှုများစွာရှိနေပေမယ့်လည်း အဆိုပါ ဘာသာကြီးလေးခုကတော့ အဓိကလူအများဆုံးကိုးကွယ်လျှက်ရှိတဲ့ ဘာသာတွေလည်း ဖြစ်ပါတယ်။ အဆိုပါ ယုံကြည်ကိုးကွယ်မှုဘာသာတရားတွေနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူတန်းစားများစွာကတော့ မိမိစိတ်တိုင်းကြ ပြောင်းလဲမှုတွေပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။    

အဆိုပါပြောင်းလဲမှုတွေထဲမှာ ဗုဒ္ဓဘာသာမှ အခြားဘာသာတွေကိုကူးပြောင်းသွားသူတွေရှိသလို အခြားဘာသာကွဲတွေမှလည်း ဗုဒ္ဓဘာသာသို့ကူးပြောင်းမှုတွေများစွာရှိနေတာတွေ့ရပါတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဗုဒ္ဓရဲ့ အရိပ်ကိုခိုလုံရင်း တရားထိုင်စိတ်ထွက်ပေါက်တစ်ခုကို လာရောက်ရှာဖွေကြသူတွေကတော့ ပိုမိုများပြားလျှက်ရှိတာပဲဖြစ်ပါတယ်။ အဆိုပါလုပ်ဆောင်သူတွေထဲမှာ အမျိုးသားတွေနည်းတူ အမျိုးသမီးများစွာလည်းပါဝင်လာကြတာတွေ့ရပါတယ်။ 

အဆိုပါ ပြောင်းလဲမှုတွေထဲမှာ အမျိုးသားများနှင့်အတူ နိုင်ငံခြားသား အမျိုးသမီးများစွာကလည်း မိမိစိတ်သဘောအရ ဗုဒ္ဓဘာသာသို့ရောက်ရှိမှုတွေများစွာရှိပါတယ်။ မကြာသေးမီကလည်း နိုင်ငံခြားသူများစွာကတော့ မိမိတို့ပိုင်ဆိုင်တဲ့ အရာတွေကို စွန့်ပယ်ကာ သာသနာ့ဘောင်ကို လာရောက်ခဲ့ကြတာတွေ့ရပါတယ်။ ယောဂီဝတ်ဆင်မှုတွေနဲ့အတူ အမျိုးသမီးတွေအတွက် သာသနာ့ဘောင်ဖြစ်တဲ့ သီလရှင်ဝတ်မှုတွေလည်း ပိုမိုများပြားလာတာပဲဖြစ်ပါတယ်။ ကြည်ညိုစရာကောင်းတဲ့ နိုင်ငံခြားသူ များရဲ့ သာသနာ့ဘောင်ဝင်ရောက်မှုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photos - The Light Payer 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။