ပြည်တွင်းမှာ သမိုင်းဝင်အဖိုးပစ္စည်းတွေကတော့ များစွာရှိနေတာကို အားလုံးလည်းသိမယ်ထင်ပါတယ်။ အမိုင်းအထောက်အထားများစွာရှိနေပေမယ့်လည်း လက်ရှိရှာဖွေမှုနဲ့ တွေ့ရှိမှုတွေက အလွန်နည်းပါးလျှက်ရှိကြောင်း သိရပါတယ်။ ပအဆိုပါ သမိုင်းဝင်ပစ္စည်းတွေထဲမှာ အဖိုးတန်ပစ္စည်းတွေနဲ့အတူ ဗုဒ္ဓဘာသာရဲ့ အထွဋ်အမြတ်ထားရာ စေတီပုထိုးများနှင့် မြန်မာ့ဗိသုကာလက်ရာများစွာလည်း ရှိနေကြောင်း သိရပါတယ်။  

မကြာသေးမီကလည်း မွန်ပြည်နယ်သထုံမြို့အတွင်း ရှိ ခရစ်ယန်ကျောင်းဝန်းထဲမှ သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်များတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အုတ်ခွက်ဘုရားတွေကိုတော့ သထုံမြို့၊ အထက(၄) ယခင် BC ကျောင်းဘေးက မြန်မာ နှစ်ခြင်းခရစ်ယန် အသင်းတော်ကျောင်းဝန်းထဲမှာ မြေတူးရာကတွေ့ရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။   

မုဒြာဟန်အမျိုးမျိုးရှိတဲ့ ရုပ်လုံးပေါ် အုတ်ခွက်နဲ့ အပိုင်းအစ စုစုပေါင်း အဆူ ၂၂၀ ကျော်ပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း BC ကျောင်းဘေးက ငှက်တွင်းကျောင်းတိုက်ဝင်းထဲမှာ ယခုလိုဘဲ မြေတူးရာက ထွက်ပေါ်လာတဲ့ အုတ်ခွက်ဘုရားတွေနဲ့ လက်ရာတူကြောင်း သိရပါတယ်။ သထုံမြို့ရဲ့ သမိုင်းအထောက်အထားတစ်ခု ပေါ်လာတယ်လို့.ယူဆကြောင်း ဒေသခံအချို့ကပြောပြခဲ့ပါတယ်။ ဒီကနေ့ တူးဖော်ရရှိခဲ့တဲ့ သမိုင်းဝင် အုတ်ခွက်ဘုရားပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - CHIT MIN OO 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။