မီးလောင်မှုတွေကတော့ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဆိုးဆိုးရွားရွားဖြစ်ရပ်တွေလည်း များစွာရှိနေတာတွေ့ရပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် သီရိမဉ္ဇူလမ်းမှာ ဒီမနက် ၄ နာရီခွဲလောက်က လျှပ်စစ်ထမင်းပေါင်းအိုး အပူလွန်ကဲရာကနေ နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရပါတယ်။ အိမ်ရှင်ဖြစ်သူ ဦးတင်မြင့် ထမင်းပေါင်းအိုးတည်ပြီး မီးပလပ်မဖြုတ်ဘဲ ပြန်အိပ်ခဲ့နေရာက ထမင်းပေါင်းတည်တဲ့နေရာကနေ မီးစတင်လောင်ကျွမ်းတာခဲ့တာကြောင့် တဦးတည်း ငြှိမ်းသတ်နေခဲ့ရာမှ အခုလို နေအိမ် ၃ လုံးကို မီးကူးဆက်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ 

ဘားအံမြို့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဒုဦးစီးမှူး ဦးလှိုင်ထွေး က “ထမင်းပေါင်းအိုးတည်တာ ထမင်းပေါင်းအိုးကို မဖြုတ်ဘဲနဲ့ထားတော့ မီးပလပ်ခုံက ကျက်တဲ့အချိန်ပြန်မတက်ဘဲ အပူလွန်ကဲပြီး စလောင်တာ။ မီးကတော့ နာရီဝက်လောက် ငြှိမ်းလိုက်ရတယ်။ အသေအပျောက်တော့ မရှိပါဘူး” လို့ ပြောပြခဲ့ပါတယ်။ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ၈ စီး၊ ရဲတပ်ဖွဲ့၊ မာဃလူမှုကူညီရေး အဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တဲ့အတွက် နံနက် ၅ နာရီလောက်မှာ မီးညွှန့်ကျိုးပြီး မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ 

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ အုတ်ညှပ် နှစ်ထပ်အိမ် ၂ လုံးနဲ့ သွပ်မိုး၊ ပျဉ်းခင်း၊ အုတ်ညှပ် ၁ ထပ်အိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ဲတဲ့အတွက် ဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၄ သိန်းဖိုးဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ၊ အသေအပျောက်မရှိဘူးလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မီးလောင်မှုဖြစ်ပွားစေသူ ဦးတင်မြင့်ကို လျှပ်စစ်မီးကို ပေါ့ဆစွာသုံးမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ဘားအံမြို့မရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။