လူသားတို့တွေဟာ သူတို့ဘဝတွေမှာ များစွားသော ကောင်းကျိုးတွေ၊ အသုံးဝင်မှုတွေကို ရှာဖွေခံစားလေ့ရှိတတ်ကြပါတယ်....။ သူတို့ဘဝအောင်မြင်မှုအတွက် အလုပ်ကိုကြိုးစားပမ်းစားလုပ်တယ်၊ အခြားသူတွေနဲ့ သင့်တင့်မျှတအောင်နေကြတယ်...၊ ပိုက်ဆံတွေကို ဒီထက်မက တိုးပွားအောင်လုပ်ဆောင်ကြနေစမြဲဖြစ်ပါတယ်...။ "ဒါတွေကိုဘာလို့ လောဘတကြီးနဲ့ ကုံးရုန်းရှာနေကြတာလည်းလို့" မေးရင်.....သူတို့ဆီမှာ အဖြေရှိပြီးသားပါ...။  

"Calvin Klein" သို့မဟုတ် "Victoria’s Secret" စတဲ့ brand တွေကိုဝတ်ပြီး လူပုံအလည်မှာ ခေါင်းမော့ရင်ကောပြီးသွားချင်တာမျိုး၊ ကြယ် ပွင့်တွေရထားတဲ့ အကောင်းဆုံးစားသောက်ဆိုင်တွေမှာ ကိုယ့်ချစ်သူလေးကို နှစ်ချို့ဝိုင်လည်းတိုက်ချင်ကြတာမျိုး...ဒါတွေက ကျွန်တော်တို့မှာလည်း ပင်ကိုရှိနေပြီးသားဖြစ်တဲ့ အဖြေတစ်ခုပါပဲ...။ ဒါပေမယ့် ဒီမှာ သိပ္ပံပညာရှင်များက လေ့လာတွေ့ရှိချက်တွေ၊ စစ်ဆေးချက်တွေအရ ပြဿနာတစ်ခုကို သွားတွေ့ပါတယ်...။ အခြားသူတွေ၊ မိမိဘေးပတ်ဝန်းကျင်ကသူတွေအထက် မိမိတို့ချစ်သူစုံတွဲက အရမ်းကို့hot ဖြစ်လွန်းနေတယ်...၊ brand တွေဝတ် အကောင်းစားတွေစားပြီး အရမ်းကို ချွန်ထွက်နေရင်တော့ သေချာပြီ "relationships"မှာ နာကျင်ရမယ့် အစွန်းအထင်း ကိစ္စတွေက နောက်ဆက်တွဲဖြစ်လာနိုင်စေပါတယ်....။

ideaတွေ၊ creative thinking တွေက သူများတွေနဲ့မတူပဲ အရမ်းကို ကွဲထွက်နေတာက အဆင်ပြေတယ်ဆိုပေမယ့်...၊ ဝတ်ပုံစားပုံတွေ၊ နေပုံထိုင်ပုံတွေ လူများနဲ့အတူ အရမ်းကို ကွဲထွက်နေတယ်ဆိုရင်တော့ အဆင်မပြေပါဖူး...။ ပိုအရေးကြီးက အတွဲတွေပဲဖြစ်ပါတယ်....။ တစ်ချို့က ရှိတဲ့ ကိုယ့်ကောင်မလေး ဒါမှမဟုတ် ကိုယ့်ကောင်လေးက ကိုယ့်မျက်စိထဲမှာ အရမ်းကို ပုံတုံးနေတယ်ထင်ပြီး လိုက်ပြင်ဆင်ပေးတာမျိုး၊ ဝတ်ပုံစားပုံတွေမှာ လိုက်လံ ဝေဖန်စိုးမိုးနေတာမျိုးတွေရှိမယ်ဆို အစပိုင်းမှာတော့ အဆင်ပြေသလိုလို ရှိပေမယ့် နောက်ပိုင်းဆိုရင်တော့ ကိုယ့်ကို ချုပ်ကိုင်လွှမ်းမိုးနေတာလို့ ထင်ပြီး ဆိုးရွားတဲ့ ကိစ္စတွေအထိဖြစ်လာနိုင်ပါတယ်...။ မိမိက အခြားလူတွေထက်ပိုပြီး hot ဖြစ်ချင်နေတယ်ဆိုတဲ့ စိတ်ကရှိနေမယ်ဆိုရင် မိမိချစ်သူ၊ မိမိပါတနာပေါ်တွေမှာပါလိုက်ပြီး တွန်းအားတွေပေးသလို ဖြစ်နေမှာပါ...။ အစမှာတော့ လက်ခံသင့်၊ လက်ခံနိုင်မှာ ဆိုပေမယ့် ရေရှည်လက်တွဲဖို့ဆိုတာကိုတော့ စဉ်းစားစရာကိစ္စတွေ အများကြီးဖြစ်သွားစေမှာဖြစ်ပါတယ်...။ နောက်ပြီး နှစ်ယောက်လုံးက hot ဖြစ်နေတယ်၊ hot ဖြစ်ချင်နေတယ်ဆိုရင်တော့ မိမိကော၊ မိမိချစ်သူကိုကော ပြန်ပြင်ခိုင်းဖို့ လိုအပ်နေပါတယ်..။ လေ့လာတွေ့ရှိချက်အရ (မိန်းကလေးကော၊ ယောက်ျားလေးမှာပါ) အရမ်းကို ဆွဲဆောင်မှုရှိ၊ အရမ်းကို sexyကျနေပြီး လန်ပြန်ထွက်နေတဲ့သူတွေက သူတို့ရဲ့မသိစိတ်မှာ ပုံတုံးတုံး၊ ခပ်အအလူမျိုးကို စိတ်ဝင်စားနေတတ်ကြပါတယ်...။ ဒါဟာ "relationship" ရှိနေတဲ့အချိန်မှာတောင်တဲ့နော်...။ ကဲစာဖတ်ပရိသတ်ကြီးရေ....တစ်ခါတစ်လေ ဘဝမှာ ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်ချစ်သူလက်ကိုတွဲကာ ရေရှည်ဖြတ်သန်းကြတာမျိုးဟာ ပို၍ ချော့မွေ့အဆင်ပြေနိုင်မယ်လို့ ထင်မြင်ကြောင်း ဆွေးနွေး တင်ပြလိုက်ပါတယ်...။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။