ပိုင်ရှင်မဲ့ လမ်းဘေးခွေးတွေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို ဖြစ်ရပ်ဆိုးတွေရှိနေကြောင်း သိရပါတယ်။ ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်မှာ ဇူလိုင် ၂၄ရက်နေ့က တစ်နှစ်ကျော်အရွယ်ကလေးငယ် တစ်ဦး ကို ဝိုင်းကိုက်ခဲ့တဲ့ လေလွင့်ခွေး ၅ကောင်ကို ဗဟန်စည်ပင်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး လှည်းကူး မြို့နယ် သစ်နီပင် မင်းကုန်းပရဟိတခွေးဂေဟာကိုသွားရောက်ပို့ဆောင်ခဲ့တယ်လို့ ဗဟန်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၁) ဦးမြင့်သန်းက ပြောပြခဲ့ပါတယ်။ 

‘‘ ခွေး ၄ကောင်ကိုတော့ ၂၅ရက်နေ့မှာဖမ်းမိတယ်။ ထွက်ပြေးသွားတဲ့ တစ်ကောင်ကိုတော့ မနေ့က ထပ် ဖမ်းမိတယ်။ ခွေးတွေကိုတော့ ဂေဟာသွားပို့လိုက်ပြီ။ ပိုင်ရှင်မရှိဘဲ ဟိုလူကကျွေးဒီလူကကျွေးနဲ့ မွေးထား တဲ့ လမ်းဘေးခွေးတွေ၊ ခြံနဲ့ဝန်းနဲ့ မွေးထားတဲ့ခွေးတွေမဟုတ်တော့ ဘယ်သူမှ အရေးယူလို့မရဘူး’’ လို့ ဦးမြင့်သန်းကပြောပြခဲ့ပါတယ်။ အကိုက်ခံရတဲ့ ကလေးငယ်ကို ရန်ကင်းကလေးဆေးရုံကို အချိန်မီပို့ဆောင်နိုင်ခဲ့တဲ့အတွက် ကလေးငယ်မှာ သက်သာလာပြီလို့လည်း သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးမှာ လေလွင့်ခွေးအရေအတွက် သိန်းနဲ့ချီရှိနေပြီး ဒီခွေးတွေကို မေ့ဆေးပစ်ဖမ်းဆီးကာ ခွေးဂေဟာပို့ဆောင်တာတွေကို မြို့တော်စည်ပင်ကနေ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ပိုင်ရှင်မဲ့ ခွေးလေခွေးလွှင့်တွေရဲ့ လမ်းမပေါ်က ဖြစ်ရပ်ဆိုးကြီးတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ခွေးအချို့ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေရင်း လမ်းသွားလမ်းလာသတိပြုနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

source - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။