နေ့စဉ်ကြားသိနေရတဲ့ သဘဝအဖြစ်ဆိုးကြီးတွေထဲမှာ မီးလောင်မှုကတော့ မရေမတွက်နိုင်အောင် ဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ မီးလောင်မှုတွေထဲမှာ သာမာန်ဖြစ်ရပ်တွေနဲ့အတူ ဆုံးရှုံးမှုတန်ဖိုးများစွာရှိမှုတွေလည်း ရှိခဲ့ပါတယ်။ မကြာသေးမီကလည်း စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ပင်စင်ကုန်းနယ်မြေအတွင်းရှိ "မေတ္တာရောင်ခြည်တော်" ဘုန်းတော်ကြီးကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာဇူလိုင်လ၂၈ ရက်နေ့ မနေ့က ညနေ ၅ နာရီ ၁၅ မိနစ်တွင်စစ်ကိုင်းမြို့နယ် မီးရထားရပ်ကွက်ပိုင်၊ ပင်စင်ကုန်းနယ်မြေရှိ "မေတ္တာရောင်ခြည်တော်"ဘုန်းတော်ကြီးကျောင်း၃၀×၁၅သွပ်မိုး၊ထရံကာ၊ အုတ်ခင်းကျောင်းဆောင်တွင်ဆန်ပြုတ်ပြုတ်ရာမှအပူလွန်ကဲပြီးကျောင်းထရံသို့မီးကူးစက်လောင်ကျွန်းခဲ့ရာမှ မီးလောင်မှုကြီးဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မီးလောင်မှုကြောင့် သက်တော် (၆၈)နှစ် ဝါတော်(၁၅)ဝါရ ဉီးမဏ္ဍလဆရာတော် တစ်ပါးပျံလွန်တော်မူသွားကြောင်း သိရပါတယ်။ 

အဆိုပါ မီးလောင်ရာနေရာသို့ ရပ်ကွက်ဥက္ကဋ္ဌဦးကျော်ခိုင်ထွန်း၊မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူ အောင်တပ်မ(၃၃)မှဒုတိယဗိုလ်မှူးကြီးနေဝင်းမောင်တို့ လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး အစိုးရမီး သတ်ယာဉ်သုံးစီး၊ဒီဇယ်စက်ခေါင်းရုံမှတစ်စီး၊ဆွမ်းဦးပုညရှင်မှ တစ်စီး၊ စုစုပေါင်း မီးသတ်ယာဉ်ငါးစီးဖြင့် ငြှိမ်းသတ်ခဲ့ရာ ညနေ၅ နာရီ ၃၅ မိနစ်တွင် လုံးဝမီးငြိမ်းသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါမီးလောင်မှု့ကြောင့် ကျောင်းထိုင်ဆရာတော် ဦးသူရိယအား စစ်ကိုင်းမြို့မရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

SOURCE - THE MIRROR DAILY 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။