အထိတ်တလန့်နဲ့ တိုက်ခိုက်တယ်ဆိုတာဟာ မည်သူတစ်ဦး၊ တစ်ယောက်အတွက်မဆို အလွန်ပင်ကြောက်မက်ဖွယ်ကိစ္စဖြစ်နိုင်ပါတယ်...။ ထိုသို့သော ကိစ္စမျိုးတွေဟာ ကိုယ့်ကို မုန်းတဲ့သူတွေထက်၊ ကိုယ့်ကို ချစ်တဲ့သူတွေဆီကနေ ပို၍ လွယ်ကူစွာ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်..။ "အချစ်ကြီးလို့ အမျက်ကြီးတယ်" ဆိုတဲ့ စကားအတိုင်း မိမိကိုချစ်လွန်း၍ သူတို့ကိုယ်သူတို့ ဘာလုပ်လုပ်၊ ဘာကိုင်ရမှန်းမသိ ဒေါသတွေအရမ်းထွက်တာမျိုး....၊ ကိုယ်ထိလက်ရောက် ပါလာတာမျိုးတွေအထိ ဆိုးရွားသွားစေနိုင်ပါတယ်...။ ဒါဟာ နှစ်ဦး၊ နှစ်ဖက်လုံးအတွက် နစ်နာစရာ ကောင်းပြီး အများဆုံး အဖြစ်များတာကတော့ မိမိနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ပဲဖြစ်ပါတယ်...။

မိမိခင်ပွန်း၊ သားမယား၊ မိဘများသို့မဟုတ် မိတ်ဆွေများ အစရှိတဲ့ ဆက်ဆံရေးမျိုးတွင် ထိုကိစ္စမျိုးတွေက မကြာခဏဆိုသလို ကြုံတွေ့ရစမြဲဖြစ်ပါတယ်...။ သူတို့က မိမိအပေါ် ကောင်းစေချင်လို့ ပြောရာတွင် လက်ခံလိုက်ရင်တော့ အဆင်ပြေသွားမှာဖြစ်ပြီး အကယ်၍ မိမိက ငြင်းဆိုလိုက်မယ်ဆိုရင် မထင်ထားတဲ့ ဆိုရွားစရာကိစ္စများဖြစ်လာစေနိုင်ပါတယ်...။ ဒါဟာမိမိကိုချစ်လွန်း၍ ဖြစ်ပျက်တဲ့ ကိစ္စမလို့ စာဖတ်ပရိသတ်ကြီးအနေနဲ့ ထိုကိစ္စကို အချိန်ယူပြီးဖြေရှင်းရမှာပါ...။ တစ်ချို့မိဘတွေ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းတွေဟာဆိုရင် သင့်အတွက်နဲ့ စိတ်ပင်ပန်းကာ နှလုံးအောင့်ခြင်းတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်...။ သင့်ကိုချစ်လွန်းအားကြီးတဲ့အတွက်ကြောင့် ဖြစ်တာဖြစ်ပြီး တစ်ကယ်လို့ သင့်ကို ကိုယ်ထိလက်ရောက် ပြုလုပ်လာမယ်ဆိုလျှင်လည်း ဗွေမယူဘဲ နှစ်ဦးနှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့်နည်းလမ်းကို ရှာရမှာပါ...။ "သင့်ကို တစ်စုံတစ်ယောက်က ချစ်လွန်းအားကြီးပြီး ခြေဦးတည့်ရာတွေ လျှောက်လုပ်မယ်၊ ထိန်းမရသိမ်းမရ အထိတ်တလန့် တွေဖြစ်စေမယ်ဆိုလျှင် ဘာကိုပြုလုပ်သင့်လဲ ဆိုတာကို" တင်ဆက်ဖော်ပြပေးမှာဖြစ်ပါတယ်...။

ပထမဦးဆုံး စိတ်တည်ငြိမ်အောင်ပြုလုပ်ပေးရမှာ....။ သင့်ရဲ့ မိဘ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်ကို အချိန်ခဏလောက်ဖက်ထားပြီး သူ့ဖြစ်ပျက်နေတဲ့ ရင်ထဲက ခံစားချက်တွေ၊ ဒေါသတွေ တဖြည်းဖြည်းနဲ့ လျော့ကျသွားအောင် စိတ်ကို ငြိမ်သက်စေခိုင်းရမှာဖြစ်ပါတယ်...။ ဒါပေမယ့် သူတို့ရဲ့ စိတ်ခံစားချက်တွေကိုတော့ သိမ်ငယ်သွားအောင် မပြုလုပ်ရဖူးနော်...။ ဘာကြောင့်လဲဆိုတော့ သင့်ကိုချစ်လွန်းအားကြီးတဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ ခံစားချက်နောက်ဆက်တွဲ ဆိုးကျိုးတွေမလို့ပဲ ဆိုရမှာပါ...။"မေးပါ" သူတို့ဘာလိုအပ်လဲ ဆိုတာကို..။ သူတို့စကား နောင်ထောင်စေချင်တာလား၊ ဂရုစိုက်မှုတွေ၊ ဂရုပြုမှုတွေ လိုချင်တာလား၊ မိမိနဲ့ စိတ်ကသိကအောက် ဖြစ်စရာတွေ ဘာရှိလဲဆိုတာကို စိတ်ရှည်ရှည်နဲ့ မေးမြန်းရမှာပါ...။ ဒါမှလဲ အမုန်းမပါတဲ့ အေးမျှတဲ့ ချစ်ခြင်းတရားတွေကို နှစ်ယောက်စုံးရရှိစေမှာဖြစ်ပါတယ်....။ တစ်စုံတစ်ဦးက သင့်အတွက် အရမ်းကိုခံစားနေရပြီဆိုလျှင်၊ အရမ်းငိုကြွေးဒေါသဖြစ်နေပြီဆိုလျှင် အသက်ရှူတာကို ဖြည်းဖြည်းနှင့်မှန်မှန် ကိုယ်ပါသူနဲ့အတူ လိုက်လုပ်ပေးခြင်းဖြင့် အကျိုးရှိစေမှာအမှန်ပင်ဖြစ်ပါတယ်..။ "စိတ်အာရုံပြောင်းလွဲစေသည်" ဖြစ်ပျက်နေတဲ့ အခြေအနေတစ်ခုကနေ သူစိတ်ပြောင်းသွားအောင် လုပ်ပေးရမှာပါ...။ သူပျော်ရွှင်ရမယ့် စိတ်ချမ်းသာမယ့် အခြေအနေဘက်သို့ လွှဲပြောင်းပေးစေခြင်းဖြင့် အမုန်းတွေမပွားတော့ပဲ အချစ်စစ်သာရရှိနိုင်မည်ဖြစ်ကြောင်း ပုံရိပ်တွေနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်....။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။