မိုးရွာသွန်းမှုများပြားလျှက်ရှိတဲ့ ပြည်တွင်းဒေသများစွာမှာ လမ်းပန်းဆက်သွယ်ရေးနဲ့အတူ ပညာရေးကျောင်းများစွာကိုလည်း ပိတ်ဆို့ထားခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ ပိတ်ဆို့ထားရတဲ့ ကျောင်းတွေထဲမှာ အခြေခံပညာကျောင်းများစွာပါဝင်နေကြောင်း သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေး ကျေးရွာများရှိ အခြေခံပညာကျောင်းများအတွင်းသို့ မြစ်ရေဝင်ရောက်သဖြင့် ဇူလိုင်လ ၂၂ ရက်နေ့ မှစ၍ စာသင်ကျောင်းများ ယာယီပိတ်ထားရာ ဇူလိုင်လ ၂၅ ရက်နေ့ယနေ့အထိ ယာယီပိတ်ထားရသော ကျာင်း(၁၃)ကျောင်းထိ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရပါတယ်။ 

အဆိုပါ ယာယီပိတ်ထားရသောကျောင်းများမှာ ဇူလိုင်လ (၂၂)ရက်နေ့တွင် ဇီးဖြူပင်ကျေးရွာအုပ်စု ကျွန်းကလေးကျေးရွာ အ.မ.က နှင့် ကြူတောကျေးရွာ အ.မ.က(လွန်)၊ ရေကြည်ကျေးရွာအုပ်စု ပေါက်ကုန်း ကျေးရွာ အ.မ.က၊ ဆင်မကျွန်းကျေးရွာအုပ်စု အချင်းပြစ်တောင်ရွာ အ.မ.က စသည့် စာသင်ကျောင်း (၄)ကျောင်း စတင်ပိတ်ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ ထို့နောက် ဇူလိုင်လ (၂၄)ရက်နေ့တွင် စည်စွဲကျေးရွာအုပ်စု ညောင်ပင်လှကျေးရွာ အ.မ.ကကျောင်း (၁)ကျောင်း၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် တောကြီးကျေးရွာအုပ်စု ငါးဇင်ရိုင်းကုန်း အ.ထ.က(ခွဲ)၊ တလင်းကြီးကုန်းကျေးရွာ အုပ်စု တင်လင်းကြီးကုန်း အ.လ.က၊ တောင်မှရိုးကုန်းကျေးရွာ အုပ်စု တောင်မှရိုးကုန်း အ.မ.က၊ အင်းတဲကျေးရွာ အ.မ.က (လွန်)နှင့် ရွာတန်းရှည် အ.မ.က၊ သနပ်ကုန်း ကျေးရွာအုပ်စု မြကျွန်းသာကျေးရွာ အ.မ.က၊ မြောက်ဇီးကုန်းကျွန်းကျေးရွာ အုပ်စု မြောက်ဇီးကုန်းကျွန်း အ.မ.ကနှင့် ရေနားကျေးရွာ အ.မ.က (လွန်)စသည့် စာသင်ကျောင်း(၈)ကျောင်း စုစုပေါင်း(၁၃)ကျောင်း ယာယီကျောင်း ပိတ်ထား ခဲ့ရပါတယ်။  

အဆိုပါ ကျောင်းများကို မြစ်ရေကျဆင်းမှုအပေါ်မှုတည်၍ ကျောင်းပိတ်ရက်များအား အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး ထံမှ သိရပါတယ်။ လက်ရှိပိတ်ဆို့ထားရတဲ့ ပြည်တွင်း အခြေခံကျောင်းအချို့ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။