မီးလောင်မှုတွေကတော့ နေ့စဉ်ရက်ဆက်ဖြစ်ပွားလေ့ရှိပြီး ဆိုးဆိုးရွားရွားဖြစ်ပွားမှုနဲ့အတူ ပြည်တွင်းပြည်သူများစွာရဲ့ အသက်အိုးအိမ်တွေကို အထိပ်တလန့်ဖြစ်စေခဲ့တာလည်းတွေ့ရပါတယ်။ ကျောက်ဆည်မြို့နယ် အလယ်မြင်စိုင်းကျေးရွာတွင် ဇူလှိုင် ၂၃ ရက် နံနက် ၁ နာရီ ၂၀ မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာ အိမ်ရှင် ဒေါ်အေးသီတာ ၂၈ နှစ် သည် ထမင်းဟင်း တည်ချက်ခဲ့ပြီး မီးဖိုအား မီးမငြိမ်းသတ်ဘဲထားခဲရာမှ ၎င်းမီးမှတဆင့် နေအိမ်ထရံသို့ မီးကူးစက်လောင် ကျွမ်းခဲ့ကြောင်း သိရပါတယ်။ မီးလောင်ရာသို့ ကျေးရွာပြည်သူများနှင့်အတူ ခရိုင်မီးသတ်စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇင်ထွန်းဦး ဆောင်ပြီး မီးသတ်ကား(၃)စီး၊သန္ဓေတပ်ဖွဲ့ဝင်(၁၃)တို့ ဝိုင်းဝန်ငြိမ်းသတ်မှုကြောင့် မိနစ်ပိုင်းအတွင်း မီးငြိမ်းသတ် နိုင်ခဲ့ပါတယ်။ 

အဆိုပါမီးလောင်မှုကြောင့် (၁၅x၁၂)ပေရှိ သက်ကယ်မိုး ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက် လူနေအိမ် တစ်လုံးသာ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်အခြား တိရစ္ဆာန်သေဆုံးထိခိုက်မှု မရှိခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အိမ်ရှင်ဒေါ်အေးသီတာ အား မြို့မရဲစခန်းမှ (ပ)၅၁၇/၂၀၁၉၊ ပြစ်မှုပုဒ်မ(၂၅၈)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

source - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။