မိုးရွာသွန်းမှုများပြားလျှက်ရှိတဲ့ ပြည်တွင်းဒေသများစွာမှာ လမ်းပန်းဆက်သွယ်ရေးနဲ့အတူ ပညာရေးကျောင်းများစွာကိုလည်း ပိတ်ဆို့ထားခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ ပိတ်ဆို့ထားရတဲ့ ကျောင်းတွေထဲမှာ အခြေခံပညာကျောင်းများစွာပါဝင်နေကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်လာမှုကြောင့် အခြေခံပညာ ကျောင်းပေါင်း ၁၃ ကျောင်းမှာ ယာယီပိတ်ထားရာမှ ဇူလိုင်လ ၂၀ရက်နေ့မှစ၍ ၄၅ ကျောင်း ထပ်မံပိတ်ခဲ့ရသဖြင့် စုစုပေါင်း ၅၈ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေး မှူးရုံးမှသိရပါတယ်။  

မြစ်ရေဝင်ရောက်မှုကြောင့် ထပ်ထိုး၍ပိတ်ထားရသောကျောင်း (၄၅)ကျောင်းမှာ အ.မ.က (ဆောက်ခြုံပေါက်)၊ အ.လ.က(ရွှေဘိုးကြီး)၊ အ.မ.က(မွေမြစ်ရိုး)၊ အ.လ.က(ခွဲ)(ပျဉ်ကာ) ၊ အ.ထ.က(ခွဲ) ပေါက်ဝဲ၊ အ.ထ.က(ခွဲ) ငယ်တိုး၊ အ.ထ.က(ခွဲ)နန်းတော်ကျွန်း၊ အ.ထ.က(ခွဲ)အောက်တောင်ကိုင်း၊ အ.မ.က (ဆင်ကုန်း)၊ အ.မ.က(စုပေါင်းကျွန်း)၊ အ.မ.က(မြွေပုသိမ်)၊ အ.မ.က(ပိုဝတောင်)၊ မူလွန်(စိန်းပန်းကုန်း)၊ မူလွန်(မြစ်တစ်ဖက်)၊ မူလွန်(မြွေထိန်ပင်)၊ မူလွန်(ဘိုးကြီးကျွန်း)၊ မူလွန်(မြွေကုတို့ဆိပ်)၊ မူလွန်(မြေစွန်း)၊ အ.ထ.က(ခွဲ)မြွေတလိုင်း၊ အ.ထ.က(ခွဲ)(ပိုဝမြောက်)၊ မူလွန်(မြွေပုံကန် အရှေ့)၊ မူလတန်းကျောင်း(ခွဲ)မြွေဟင်္သာ၊ အ.လ.က(ခွဲ) မာရဘင်၊ အ.လ.က(ဆင်ကျွန်းမြောက်)၊ အ.မ.က(ရှင်လှ တောင်)၊ အ.မ.က(ရှင်လှ မြောက်)၊ အ.လ.က(ခွဲ)ကုန်းတန်း၊ အ.လ.က(ခွဲ)ကောက်ရိုးပုံ၊ အ.လ.က(သူရဲဇက်)၊ အ.လ.က(ခွဲ) ဘူမိန္ဒရ၊ မူလွန်(ဆယ်ပယ်)၊ အ.မ.က (မြစ်ကောက်)၊ အ.လ.က(ဆူးလေကုန်း)၊ မူလွန်(ရွာတော်ကြီး)၊ အ.မ.က(ဒေါင်းကျွန်း-တောင်)၊ အ.မ.က (ရောက်မဆုတ်)၊ မူလွန်(မွေရေယာဉ်)၊ အ.မ.က(ချောင်းပေါက်-အောက်)၊ အ.မ.က(ဆင်ကျွန်း-တောင်)၊ အ.မ.က(သနပ်ကုန်း)၊ အ.မ.က(နေပူကုန်း)၊ အ.မ.က(တောင်ပြုံးလေး)၊ အ.မ.က(ရွာသာအေး)၊ အ.လ.က(ခွဲ) ရွှေချောင်းနှင့် မူလွန်(အလယ်ရွာ) ကျောင်းတို့မှာ ယာယီပိတ်ထားရကျောင်းသိရပါတယ်။  

ကျောင်းအတွင်းရေကြီးမှုတွေနဲ့အတူ ကျောင်းအသွားအလာ ခတ်ခဲမှုတွေကြောင့် ပိတ်ဆို့ခဲ့ရတာတွေရှိနေပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုပိုမိုဆိုးရွားလာတာကြောင့် ယာယီပိတ်ဆို့ခဲ့ရတာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိပိတ်ဆို့ထားရတဲ့ ပြည်တွင်း အခြေခံကျောင်းအချို့ရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။