အောက်တိုဘာလ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် Death Note Light up the NEW World ဇာတ်ကားမှာတော့ Matsuyama Kenichi ဟာ သူရဲ့ ထင်ရှားတဲ့ဇာတ်ကောင် L အဖြစ် ပြန်လည်ပါဝင်ထားတယ်လို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ် Death Note ဇာတ်ကားတွေမှာ ဉာဏ်ကြီးရှင်စုံထောက် L ဇာတ်ရုပ်နဲ့ နာမည်ကြီးတဲ့ Matsuyama ဟာ ဒီဇာတ်ကားသစ်မှာတော့ ပင်မဇာတ်လမ်းမှာ ပါဝင်တာလား၊ နောက်ကြောင်းပြန်အနေနဲ့ ပါဝင်တာလားတော့ မသိရသေးပါဘူး။ Matsuyama ဟာ L အနေနဲ့ ၂၀၀၈ခုနှစ်က L: Change the World ဇာတ်ကားမှာ နောက်ဆုံးပါဝင်ခဲ့တာဖြစ်ပြီး၊ အခုလို ၈နှစ်အကြာမှာ ဒီဇာတ်ရုပ်ကို ပြန်လည် သရုပ်ဆောင်တာ ဖြစ်ပါတယ်။ ရုပ်ရော စိတ်ပါ ဇာတ်ရုပ်နဲ့ကင်းကွာနေခဲ့တာကြာပြီဖြစ်ပေမယ့် သူ့အနေနဲ့ L ပြန်ဖြစ်ဖို့ သုံးမိနစ်သာအချိန်ယူလိုက်ရတယ်လို့ Matsuyama က ဆိုခဲ့ပါတယ်။

Ohba Tsugumi နဲ့ Obata Takeshi တို့ရဲ့ ကမ္ဘာကျော်မန်ဂကို အခြေခံထားတဲ့ Death Note Light up the NEW World ဇာတ်ကားဟာ ၂၀၀၆ခုနှစ်ကထွက်ရှိခဲ့တဲ့ Death Note Live-action ဇာတ်ကား၂ကားရဲ့ နောက်ဆက်တွဲအဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်တွေချည်းပါမယ့် ဒီဇာတ်ကားမှာတော့ Death Note စာအုပ် ၆ အုုပ်ထိ လူ့လောကထဲရောက်လာတာကို ဇာတ်လမ်းဆင်ထားပြီး၊ မူရင်းဇာတ်လမ်းက သေမင်း Ryuk ရယ်၊ မင်းသမီး Toda Erika ရဲ့ Misa ရယ် ပြန်လည်ပါဝင်ထားပါတယ်။ လောလောဆယ်တော့ အကြိုမိတ်ဆက်အဖြစ် Death Note NEW GENERATION အမည်ရ Mini ရုပ်သံစီးရီးသုံးပိုင်းကို ထုတ်လွှင့်ထားပါသေးတယ်။

ကဲအဲဒီတော့ Death Note ချစ်သူများ 29.10.2016 မှာ ပြသတော့မှာဖြစ်တဲ့ ဒီဇာတ်ကားလေးကို စောင့်စားကြည့်ရှုလို့ရပါပြီ

L ကိုချစ်သော ပရိသတ်ကြီးလည်း Lကိုပြန်တွေ့ရလို့ ပျော်ရွှင်နိုင်ပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။