တရုတ်ပြည်မှာ 'ရွှေအပတ်' ဆိုပြီး ရက်သတ္တပတ်လုံ ပိတ်တဲ့ ပိတ်ရက်ဖြစ်ပါတယ်။ ဟာဘင် က လူတွေက တော့ သူတို့ရဲ့ ညအိပ်ဝတ်စုံတွေ နှင့်အတူ ဘယ်သူအိပ်နိုင်ဆုံးလဲဆိုတာအအိပ်ပြိုင်ကြပါသတဲ့....

ဒီပြိုင်ပွဲဟာ နှစ်ရက်တိုင်တိုင်ကျင်းပပြီး ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ လှဲတဲ့ ထိုင်ခုံမှာ မနက် ၉နာရီခွဲ မှ ညနေ ရနာရီခွဲ အထိ အိမ်သာမသွား ဘာမှမစားရဘဲ ထိုင်ခုံ မှ မထဘဲ အိပ်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေတုန်းမှာ အပူချိန်ဟာ သုံညဒီဂရီ အထိကျဆင်းသွားခဲ့သော်လည်း ဒိုက်လူကြီးတွေက စောင်တွေ ဘာတွေ မပေးဘဲ ဆက်အိပ်စေခဲ့ပါတယ်။ ပထမ တစ်ရက်မှာတော့ အနိုင်ရရှိသူ ၁၆ ယောက်ရှိခဲ့ပြီး အနိုင်ရရင် နှစ်ရက်တိုင်တိုင် အပန်းဖြေခွင့်ရမှာဖြစ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ကယ် အအိပ်ကြီးတဲ့ မမတို့ ကိုကိုတို့ အဲ့ဒီပြိုင်ပွဲကိုသွားပြိုင်ရအောင်လား....

Source: cctvnews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။