ဂျ​မေကာနိုင်​ငံသား တစ်​​ယောက်​ဖြစ်​တဲ့ ကမ္ဘာ့ အ​ပြေးမြန်​ဆုံးလူသားဘွဲ့ရ အူစိန်​​ဘော့ဟာ ယခုလက်​ရှိကျင်​းပ​နေတဲ့ မီတာတစ်​ရာအိုလံပစ်​​ပြေးပွဲမှာ ပထမ​နေရာက​နေပန်​းမဝင်​ခင်​ ကင်​မရာဘက်​ကိုလှည်​့ပြီးပြုံးပြသွားပါတယ်​။

အခြားကစားသမား​တွေဟာ ​ချွေးတစ်​လုံးလုံးနဲ့ ပန်​းဝင်​ဖို့ သူ့​နောက်​က​နေမနည်​း​ပြေးလိုက်​​နေရတဲ့အချိန်​မှာ သူကပန်​းမဝင်​ခင်​ ကင်​မရာဘက်​ကိုလှည့်​့ပြီးပြုံးပြသွားတာပါ။ ​ပြေးတာမြန်​တဲ့အတွက်​ သူ့ပုံကလွဲရင်​ကျန်​တဲ့​နေရာ​တွေမှာ​တောင်​၀ါး​နေတာကို​တွေ့ရမှာပါ။ ဒါကို ဓာတ်​ပုံသမားတစ်​​ယောက်​က အမိအရရိုက်​ကူးထားနိုင်​ခဲ့တာပါ။ ဒီပုံဟာ အင်​တာနက်​​ပေါ်ပြန်​့ပြီး​နောက်​ပိုင်​း လူမှုကွန်​ယက်​​တွေမှာ အူစိန်​​ဘော့ကို သိပ်​အံသြဖို့​ကောင်​းတဲ့သူလို့ ချီးကျူးခဲ့ကြပြီး သူ့ပုံနဲ့ဟာသစာသား​တွေ​ရေးပြီးလဲ မျှ​ဝေခဲ့ကြပါတယ်​။

အသက် ၂၉နှစ်အရွယ်ရှိ​​​အူစိန်​​ဘော့ဟာ လက်​ရှိအိုလံပစ်မှာ ၉.၈၁ စက္ကန်​့နဲ့ သူ့စံချိန်​ကို သူကိုယ်​တိုင်​ပြန်​ချိုးခဲ့တာပါ။ ​လေးနှစ်​တစ်​ခါသာကျင်​းပတဲ့ အိုလံပစ်​ပြိုင်​ပွဲ​တွေမှာ လက်​ရှိပြိုင်ပွဲ​​​မှာ ရခဲ့တဲ့​ရွှေတံဆိပ်​ဆုအပါအဝင်​ဆိုရင်​ သူဟာ ​အိုလံပစ်​​ရွှေတံဆိပ်​ဆုသုံးခုကို ဆွတ်​ခူးရရှိခဲ့ပြီးဖြစ်​ပါတယ်​။

Source: Dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။