ဆိုးဆိုးရွားရွားရွာသွန်းလျှက်ရှိတဲ့ ပြည်တွင်း မိုးရေတွေကြောင့် ရေကြီးမှုတွေနဲ့အတူ ရေဘေးဒုက္ခရောက်သူတွေကတော့ များစွာရှိနေပါတယ်။ အဆိုပါ ရေကြီးမှုတွေကြောင့် ရွေ့ပြောင်းခဲ့ရသူတွေနဲ့အတူ အခြေခံကျောင်းပိတ်ဆို့မှုတွေလည်း အတော်များများရှိနေပြီဖြစ်ကြောင်း သိရပါတယ်။  

ဝိုင်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်း၌ မိုးများ ရွာသွန်းမှုကြောင့် မြစ်ရေများမြင့်တက်လာပြီးရပ်ကွက်၊ ကျေးရွာ အချို့ရေများဝင်ရောက်လာမှုကြောင့် ခတ်ချို၊ စန်းကား ကျေးရွာ၊ မန်ဒေါင်ကျေးရွာ၊ နောင်တာလောကျေးရွာ၊ မိုင်းနားကျေးရွာ၊ နောင်ချိန်း ကျေးရွာ၊ဝိုင်းမော်မြို့ပေါ်ရှိ(၁/၃/၄)ရပ်ကွက်အတွင်း ဒီကနေ့နံနက်ပိုင်းကစ၍ ရေများ ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။ မြစ်ရေများဝင်ရောက်လာမှုကြောင့် အဆိုပါ ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အ.ထ.က-ခွဲ(စန်းကား)၊ အ.မ.က-၃(စန်းကား)၊ အ.မ.က-၅(စန်းကား)၊ အ.ထ.က-ခွဲ(မန်ဒေါင်)၊ အ.မ.က-၃ (ခတ်ချို)၊ အ.မ.က-၆(ခတ်ချို)၊ အ.မ.က-(မိုင်းမော)၊ အ.မ.က-၁(ဝိုင်းမော်)၊ အ.မ.က-၆(ဝိုင်းမော်) အခြေခံပညာကျောင်း (၉) ကျောင်းအား ယာယီခေတ္တပိတ်ထားလျက် ရှိကြောင်းသိရှိရပါတယ်။ 

မြစ်ရေများ မြင့်တက်လာမှုကြောင့် ရေဝင်မိသားစုများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများ နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ပူးပေါင်း၍ ဝိုင်းမော်မြို့ အ.ထ.က(၂) ကျောင်း နှင့် အောင်ချမ်းသာဘုန်းကြီးကျောင်း၌ ပြောင်းရွှေ့ထားကြောင်း သိရပါတယ်။ ပြည်တွင်းရေကြီးမှုကြောင့် ခေတ္တယာယီပိတ်ဆို့ထားရတဲ့ ဒေသပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - moi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။