နိုင်ငံတကာမှာသာမက ပြည်တွင်းမှာလည် တက်တူးဝါသနာရှင်များစွာရှိနေတာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ အနုပညာလောကသားများစွာအပါအဝင်အခြားအခြားသော ပြည်တွင်းတက်တူးဝါသနာရှင်တွေရဲ့ မြန်မာ့ရိုးရာတက်တူးလက်ရာတွေကို ပရိသတ်တွေလည်း တွေ့မြင်ကြမယ်ထင်ပါတယ်။ ဇွန်လ ၉ရက်နေ့က ရန်ကုန်မြို့တွင် Myanmar Gold Fingers Tattoo Expo 2019 တက်တူးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ Myanmar Gold Fingers Tattoo Expo 2019 တက်တူးပွဲတော်ကို ပြည်တွင်း တက်တူးဝါသနာရှင်များစွာတက်ရောက်ခဲ့ကြပြီး အနုပညာမြောက် တက်တူးတွေကို ပြသခဲ့ကြတာတွေ့ရပါတယ်။ ၎င်းပွဲတော်ကို ရန်ကုန်မြို့ရှိ Gandamar Wholesaleမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

နိုင်ငံတကာမှ တက်တူးဝါသနာရှင်များစွာလာရောက်ခဲ့ကြပြီး ပြည်တွင်း ရိုးရာတက်တူးအလှတွေကိုလည်း ပြန်လည်ငေးမောစေခဲ့တာတွေ့ရပါတယ်။ တက်တူးဝါသနာရှင်တွေအတွက် ပြည်တွင်း ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Gold Fingers Tattoo Expo 2019 တက်တူးပွဲတော်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

photos - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။