ဖျားတဲ့နေ့တွေ၊ နေမကောင်းတဲ့နေ့တွေမှာ "အိပ်စက်ရန် သွေးဆောင်ဖျားယောင်း" နေတဲ့ပုံများက ကျွန်တော်တို့ရဲ့ မျက်နှာတွေမှာ ဖော်ပြကောင်းဖော်ပြနေပါလိမ့်မယ်...။ ဒါပေမယ့် ကျွန်တော့်တို့က ဒါကို လက်မခံဘဲ မအိပ်ကြပါဖူး...။ ကိုယ်လုပ်စရာရှိတာတွေ ဆက်လက်လုပ်ကိုင်ကြပါတယ်...။ ပျင်းရိခြင်းကနေ ဘာတစ်ခုမှကောင်းတာတော့ ရရှိမှာမဟုတ်ပါဖူး...။ အထူးသဖြင့်တော့ ကမ္ဘာတစ်ဝှမ်းရှိလူတွေနဲ့ နှိုင်းစာ၍ ပြောရမယ်ဆိုရင်၊ နေ့တစ်နေ့ကို စတင်ရန် အားလုံးက ကြည်လင်စွာတက်ကြွ လှုပ်ရှားနေပြီဖြစ်ပါတယ်...။

ထိုကဲ့သို့ အခြားလူတွေနဲ့ ကွဲထွက်နေပြီး နံနက်ခင်းတိုင်းကို နိုးကြွားစွာ မထသေးဘဲ မှိန်းနေခြင်းက ဉာဏ်ကောင်းတဲ့ လက္ခဏာတစ်ရပ်ကို ဖော်ဆောင်နေတာဖြစ်ပါတယ်...။ ဒါဟာ သိပ္ပံထောက်လှမ်းရေး၏ သက်သေတစ်ရပ်ပင်ဖြစ်သည်...။ နံနက်စောစီးစွာ မထချင်တာဟာ အမှန်တကယ်တော့ သင့်ရဲ့ ဆန့်ကျင်ရပ်တည်တဲ့ ဗီဇတစ်ရပ်ကြောင့်ပင်ဖြစ်ပါတယ်...။ ပရိသတ်တွေထဲမှာ၊ "ညဇီးကွက်" လေးတွေရှိကြလား...။ လေ့လာတွေ့ရှိချက်အရ ညဘက်မှာ ညဉ့်နက်စွာ နေသူများက မနက်ပိုင်းစောစီးစွာ ထတဲ့သူများထက် ပျော်ရွှင်ကြည်နူးမှုပိုရကြောင်း တွေ့ရှိရပါတယ်..။

ကံမကောင်းစွာပဲ၊ အိပ်ရာထဲမှာ နေ့တစ်ဝက်လောက်ထိ (၁၂ရီသို့မဟုတ်) ထိုထက်ပို၍ အချိန်သုံးဖြုန်းသူများက သေမင်းနဲ့ နီးစပ်ဖို့ မြင့်မားစွာ အန္တရာယ် ကျရောက်နေပြီဖြစ်ပါတယ်...။ ထိုအဖြစ်အပျက်နဲ့ နှိုင်းယှဉ်လိုက်လျှင်၊ အနိမ့်ဆုံး အန္တရာယ်မှာ အိပ်ရာထဲ ၈ နာရီလောက် အိပ်စက်နေသူတွေဖြစ်ပါတယ်...။ ဒါကြောင့်မလို့ မနက်ပိုင်း ခဏတော မှေးမှိန်းခြင်းကိုသာ ပြစ်တင်ရှုတ်ချတဲ့ ကိစ္စလို့ မယူဆင့်တာပါ...။ ဒီထက်ကျော်သွားရင်တော့ ပရိသတ်ကြီးရေ အန္တရာယ်ရှိနိုင်ပါတယ်...။ "တစ်ရေးနိုးသော် အကြံပေါ်" ဆိုတဲ့ စကားလည်းရှိပါသေးတယ်နော်...။ မနက်ခင်းမှ စပြီး တစ်နေ့တာ ကိစ္စအဝဝ ကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ခဏတာလည်း အိပ်ရာထဲမှာ မှေးစက်ကာ စဉ်းစားတွေးခေါ်တတ်သူများက တစ်ကယ့်ကို ဉာဏ်ကြီးရှင်တွေပါပဲနော်...။ ထိုသူတွေကို "အပျင်းကြီးတယ်လို့" သွားဝေမဖန်သေးဘဲ ခဏလောက် ဘယ်လိုလူတွေလည်းဆိုတာ စောင့်ကြည့် အကဲဖြတ်ဖို့ အကြံပြုလိုက်ပါတယ်...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။