ပြည်တွင်း ပို့ဆောင်ဆက်သွယ်ရေးကိစ္စများကို အဓိကပြုလုပ်ပေးလျှက်ရှိတဲ့ ပို့ဆောင်ရေးကတော့ ကုန်းလမ်းပို့ဆောင်ရေးပဲဖြစ်ပါတယ်။ အဆိုပါ ကုန်းလမ်းပို့ဆောင်မှုတွေထဲမှာ တိမ်းမှောက်မှုတွေကတော့ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။ ကျိန္တလီမြို့အနီး ကျောက်ပါးစပ် ကျေးရွာ (ကျောက်ပါးစပ်တံတား) ပေါ် တွင် မနေ့က ညနေ(၆)နာရီခွဲက (၆)ဘီးကုန်တင်ယာဉ်တစ်စီး ဘီးကျွံကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာ မနေ့က ညနေ(၆)နာရီခွဲအချိန်က ရန်ကုန်မှ သံတွဲမြို့သို့ ဦးတည်ပြီး အထပ်သား၊ သွပ်ပြား၊ရေခဲပုံးများ တင်ဆောင်လာသည့် ယာဉ်မောင်း ဦးဟန်ဝင်းနောင်၊ ယာဉ်နောက်လိုက် ဦးအောင်မျိုးဦး တို့ လိုက်ပါမောင်းနှင်းလာသော ယာဉ်အမှတ် 7D/----၊ FOTON၊ အဖြူရောင်(၆)ဘီးတပ် ကုန်တင်ယာဉ်သည် ကျိန္တလီမြို့တောင်ဘက် ကီလိုမီတာတိုင်အမှတ်(၆၇/ ၆၈)အကြားရှိ၊ တံတားအရှည်ပေ (၃၀၀)၊ အကျယ် (၁၅)ပေ၊ အမှတ်(၂/၄၆) အဆင်းတွင် ယာဘက်ဘီးကျွံကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါလမ်းပိတ်ဆို့နေခြင်းအား ရတနာမြိုင် ရဲကင်းမှူး ဒုရဲအုပ် စိုင်းဖြိုးသီဟထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျိန္တလီမြို့လမ်းဦးစီးဌာနမှ လုပ်သား ခေါင်းဆောင် ဦးစံရွှေအောင်နှင့်အဖွဲ့ တို့မှ ယာဉ်လမ်းကြောင်း အမြန်ဆုံးရှင်းလင်းခြင်းနှင့် တံတားပြန်လည်ပြင်ဆင်ခြင်းတို့အား ဆောင်ရွက်ခဲ့ရာ ဒီကနေ့ နံနက်(၂)နာရီခွဲတွင် မော်တော်ယာဉ် များပြန်လည် ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ ယာဉ်ဘီးကျွံကျမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။