ပရိငတ်တွေကြားရေပန်းစားလျှက်ရှိတဲ့ Justice for Victoria ဖြစ်စဉ်ကို အားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ စုံသမ်းစစ်ဆေးမှုတွေအဆက်မပျက်လုပ်ဆောင်နေပြီး ပြည်သူလူထုကလည်း အားသွန်ခွန်စိုက် ကြိုးစားပေးလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အနုပညာပတ်ဝန်းကျင် ဂီတပတ်ဝန်းကျင်သာမက မိခင်တိုင်းကတော့ ကလေးသူငယ်တိုင်းအတွက် လုံခြုံစိတ်ချနိုင်ရေးအတွက် အမှုမှန်ပေါ်ပေါက်ရန်နှင့် အလားတူဖြစ်ရပ်များထပ်မံမဖြစ်ပွားနိုင်ရန် ဆန္ဒပြထုတ်ဖော်လျှက်ရှိတာပဲဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၆ရက်နေ့မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အနုပညာလောကသားများစွာနှင့်အတူ ပြည်သူများစွာက Justice for Victoria ကိစ္စနှင့်ပတ်သက်ပြီး ဆန္ဒပြထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ လုပ်ဆောင်မှုကို ဒီကနေ့မနက်ပိုင်း ကစတင်ချီတက်ခဲ့ပြီး ရန်ကုန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒထုတ်ဖော် ခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ လုပ်ဆောင်မှုကို အနုပညာရှင်များ မိဘများနှင့်အတူ ကလေးငယ်များစွာကလိုက်ပါခဲ့ကြပြီး အမှုမှန်ပေါ်ပေါက်ရန်နှင့် ထိုက်သင့်သိအပြစ်ဒဏ်ချမှတ်ရေးတို့အပြင် အလားတူဖြစ်ရပ်များထပ်မှန်မဖြစ်စေရန် တို့ကိုရည်ရွယ်ခဲ့ကြကြောင်း သိရပါတယ်။ သနားစရာ သမီးလေး Victoria အမှုအမြန်ဆုံးပေါ်ပေါက်စေရန်ရည်ရွယ်ပြီး ထပ်မံအလားတူကိစ္စမျိုးမဖြစ်ပွားစေဖို့ ဒီကနေ့ဆန္ဒပြပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photo-Victor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။