မိန်းကလေးတွေဝေးဝေးရှောင်တတ်တဲ့ယောက်ျားလေးအမျိုးအစား၅မျိုးပာာဘာတွေဖြစ်မလဲ။

မိန်းကလေးတွေချစ်သူအဖြစ်ရွေးချယ်တဲ့အခါမှာသေသေချာချာစောင့်ကြည့်ပြီးရွေးချယ်ဖို့လိုအပ်ပါတယ်။စောင့်ကြည့်လို့ဒီလို အမျိုးအစားတွေထဲက တစ်မျိုးဖြစ်ဖြစ်ပါနေရင်တော့ဝေးဝေးသာရှောင်တော့နော်။

၁•တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းသောယောက်ျား

တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းတဲ့ကောင်လေးတွေကို ဘယ်ကောင်မလေးမှ အနားကပ်မခံချင်ကြပါဘူး။ဒါကြောင့် ကောင်မလေးနဲ့သွားတွေ့တော့မယ်ဆို သန့်သန့်ရှင်းရှင်း မွှေးမွှေးကြိုင်ကြိုင်လေးဖြစ်နေပါစေနော်။

၂•ကပ်စီးနဲလွန်းသောယောက်ျား

ကပ်စီးနဲတွန့်တိုနေတတ်တဲ့ယောက်ျားများကို မိန်းကလေးတော်တော် များများက မကြိုက်ကြပါဘူူး။ဘာလုပ်လုပ် ဘာစားစား ဘယ်သွားသွား တားနေတော့လည်း ဘယ်ကြိုက်ပါ့မလဲနော်။

၃•ဒေါသအရမ်းထွက်တတ်သောယောက်ျား

ဒေါသထွက်တာနဲ့အော်မယ်၊ငေါက်မယ် ဆိုတဲ့ယောက်ျားလေးအမျိုးအစားကို ကောင်မလေးတော်တော်များများက ဝေါင်ဝေါင်ရှေး ကြပါတယ်။သင်သာ ဒေါသထွက်လွယ်တဲ့ကောင်လေး ဆိုရင်တော့ ကောင်မလေးရှေ့မှာ မထွက်မိအောင်ကြိုးစားပြီးထိန်းထားနော်။

၄•လွယ်လွန်းသောယောက်ျား

မိန်းကလေးတွေနဲ့ရှုပ်ပြီးပလူးပလဲနေတတ်တဲ့ယောက်ျားကို ဘယ်မိန်းကလေးကမှ မနှစ်သက်ပါဘူး။ကြိုက်နေရင်တောင် ငါ့ကိုများကစား သွားမလား ဆိုတဲ့စိတ်နဲ့အနားကိုကပ်ခံမှာ မပာုတ်ပါဘူူး။ဒါကြောင့်ယောက်ျားလေးတွေ ခြေမများဖို့လိုတယ်နော်။

၄•စရိုက်ကြမ်းလွန်းသောယောက်ျား

တထစ်ရှိ ရန်ဖြစ်မယ် စသဖြင့်စရိုက်ကြမ်း စိတ်ကြမ်း တွေကို ကောင်မလေးတော်တော်များများ မကြိုက်ကြပါဘူး။ကောင်မလေးတွေ ကြိုက်တာက Romantic ဆန်တဲ့ကောင်လေး အမျိုးအစားမျိုးပါ။အဲ့ဒါကို စရိုက်ကြမ်း စိတ်ကြမ်းဆိုရင်တော့ ကောင်မလေးက တာ့တာပြသွားမှာ အမှန်ပါပဲ။

၅•စိတ်ခံစားလွယ်သော ယောက်ျား

ဘယ်မိန်းကလေးမှသူတို့နားမှာကပ်ပြီးစိတ်ခံစားလွယ်နေရင်မကြိုက်ပါဘူး။မိန်းကလေးတိုင်းက စိတ်ဓါတ်ကြံ့ခိုင်ပြီးသူတ်ို့ရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးနိုင်တဲ့ယောကျာ်းများကိုသာ သဘောကျကြတာပါ။ဒါကိုသူတို့ဘေးမှာစိတ်ခံစားလွယ်နေမယ် ဝမ်းနည်းနေမယ် ငိုနေမယ် ဆိုရင်တော့ကောင်မလေးတွေရှောင်သွားကြမှာ အမှန်ပါပဲ။

ကဲမိန်းကလေးတွေမကြိုက်တဲ့အချက်အများစုကိုတော့ပြောပြီးပြီဖြစ်တာကြောင့် ယောက်ျားလေးတွေပြင်သင့်တာရှိရင် ပြင်တော့နော်။

Aria

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။