ပြည်ပသွားရောက်အလုပ်လုပ်ကိုင်မှုတွေထဲမှာ အများဆုံးသွားရောက်လေ့ရှိတဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပဲဖြစ်ပါတယ်။ တရားဝင်သွားရောက်လုပ်ကိုင်သူတွေနဲ့အတူ တရားမဝင်သွားရောက်သူတွေလည်းများစွာရှိနေပြီး နယ်စပ်ဒေသအချို့မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိနေကြောင်း သိရပါတယ်။ အဆိုပါ တရားမဝင်ဖမ်းဆီးထားတဲ့ မြန်မာလုပ်သားတွေကို မကြာခဏပြန်လည်ပို့ဆောင်ပေးခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးလုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်လေ့ရှိတာတွေ့ရပါတယ်။  

ထိုင်း -မြန်မာ နယ်စပ်က မယ်လ၊ အုန်းဖြန်နဲ့ မယ်လာအူး ဒုက္ခသည်စခန်း ၃ ခုက ဒုက္ခသည် ၁၁၄ ယောက်ဟာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ မဲဆောက်- မြဝတီလမ်းကတဆင့် ပြန်လာတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဇူလိုင် ၂ရက်နေ့က မယ်ဟောင်ဆောင်စခန်းကနေ ၃၂ ဦးနဲ့ကန်ချနားဘူရီက ၂ ယောက် ပေါင်း ၃၄ ယောက်ကို နေရပ်ပြန်နိုင်ဖို့ ကူညီပေးခဲ့ပြီး မယ်လဒုက္ခသည်စခန်းမှာတော့ ထိုင်းနိုင်ငံ ၊ထာ့ဆောင်းယန် မြို့နယ် အုပ်ချုပ်ရေးမှူးက နေရပ်ပြန်မယ့်သူတွေအရေးကို ကိုယ်တိုင်လာ ရောက်ဆောင် ရွက်ပေးနေကြောင်း သိရပါတယ်။  

၃ ရက်အတွင်း ဒုက္ခသည်စခန်း ၅ ခုက ဒုက္ခသည်စုစုပေါင်း ၃၁၃ ယောက်ကို နေရပ်ပြန်နိုင်ဖို့ ပို့ဆောင်ပေး ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ထိုင်း- မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းမှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေထဲက နေရပ်ပြန်လိုတဲ့သူ တွေကို သူတို့ရဲ့ သဘောဆန္ဒအလျှောက် ပြန်ပို့ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

source - BBC B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။