အောင်ဘာလေထီ ငွေကျပ်သိန်းတစ်သောင်းခွဲဆုအား ဟင်္သာတမြို့မှ ငွေကြေးချို့တဲ့သူ အမေအိုက မနေ့က မနက်ပိုင်းမှာပဲဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အဖွားအို ဒေါ်ခင်တင့် ဆင်းရဲလွန်းတဲ့ ဘဝတစ်ခုမှာနေထိုင်ရသူတစ်ဦးဖြစ်ပြီး ဘဝအတွက် ကိုယ်တိုင်ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။   

ငွေကျပ်သိန်းတစ်သောင်းခွဲကို ကံထူးခဲ့တာဖြစ်ပြီး မသေခင်အချိန်တွေမှာ အလှူအတန်းများစွာပြုလုပ်သွားဖို့ရှိနေကြောင်းသိရပါတယ်။ အဆိုပါ အဖွားအိုကတော့ မနေ့က ညနေပိုင်းမှာပဲ ဟင်္သာတမြို့ပေါ်ရှိ ကျောင်းများမှ သံဃာတော်များအတွက် ဆွမ်းဆန်စိန်း အိပ် (၄၀) အား လှူဒါန်းခဲ့ကြောင်း သိရပါတယ်။  

သိန်းတစ်သောင်းဆုရရှိမှုထဲက ပထမဆုံး စတင်အလှူပြုလုပ်ခဲ့တာဖြစ်ပြီး ဒီထက်မက လှူဒါန်းသွားဖို့လည်းရှိနေကြောင်း သိရပါတယ်။ အလှူအတန်းပြုလုပ်ရမှုကြောင့် ကြည်နူးအပြုံးတွေဝေနေတဲ့ အဖွားအိုရဲ့ အပြုံးတွေကပရိသတ်တွေကို ကူးစက်စေမှာအမှန်ပဲဖြစ်ပါတယ်။ အောင်ဘာလေ သိန်းတစ်သောင်းခွဲဆုရှင်အဖွားအိုရဲ့ ပထမဆုံးအလှူပုံရိပ်တွေကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Photos - aung min naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။