လက်ရှိပြည်တွင်း တန်ခိုးကြီးစေတီတော်မြတ်ကြီးတွေထဲက တစ်ဆူဖြစ်တဲ့ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးရဲ့ သမိုင်းကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်ထင်ပါတယ်။ သမိုင်းဝင်စေတီတော်ကြီးတစ်ခုဖြစ်တဲ့အပြင် လက်ရှိပြည်တွင်းခရီးသွားတွေကိုသာမက ပြည်ပခရီးသွားဧည့်သည်များစွာရဲ့ လာရောက်လေ့လာမှုအများဆုံးဖြစ်တဲ့ ဒေသတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ 

နှစ်စဉ်ပွဲတော်များနဲ့ စည်စည်ကားကားရှိနေတဲ့ ကျိုက်ထီးရိုးစေတီပေါ်မှာ အဖိုးတန် ရတနာတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓအမွေအနှစ်တွေကတော့ များစွာတည်ရှိတာကိုအားလုံးသိမယ်ထင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်ရဲ့ သမိုင်းကို ရှေးအရင်ကစတင်ပြီး ဘိုးဘွားစဉ်ဆက်သိရှိနေကြပြီး ရသေ့တစ်ပါးရဲ့ ဦးဆောင်မှုဖြင့် ပြုလုပ်ခဲ့ကြတာကို အားလုံးသိကြမှာပါ။  

ဆုတောင်းပြည်ပြီး တန်ခိုးကြီးတဲ့ ကျိုက်ထီးရိုးဘုရားပေါ်က ရသေ့နဲ့ သကြားပုံတူ ရွှေသားဖြင့်ပြုလုပ်ထားတဲ့ ရတနာပုံရိပ်လေးကတော့ ပရိသတ်အချို့သာတွေကမြင်ဖူးမယ်ထင်ပါတယ်။ ပြည်တွင်း ခရီးသွားဧည့်သည့်အချို့သာသိတဲ့ ကျိုက်ထီးရိုးဘုရားပေါ်က အဖိုးတန်ရတနာလေးတစ်ခုကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Tin Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။