နာမည်ကြီးပျံ့နှံ့လျှက်ရှိတဲ့ ရောဂါတွေကြောင့် အခြေခံပညာကျောင်းများစွာမှာ သတိပြုရှောင်ကြဉ်နိုင်ရန်နှင့်အတူ ကြိုတင်ကာကွယ်နိုင်ရန် ပြုလုပ်မှုတွေရှိတာတွေ့ရပါတယ်။ အဆိုပါကျန်းမာရေးကြိုတင်ကာကွယ်မှုအတွက် အသိပညာပေးဟောပြောပွဲတွေကို ရန်ကုန်တိုင်းဒေသကြီးမှာတင်သာမက အခြားအခြားသော တိုင်းဒေသကြီးတွေမှာလည်း ပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။  

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း မနေ့က နံနက် ၁၀ နာရီတွင် ဥတ္တရသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာ ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲကိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီတာလှိုင်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပေါ် လာနိုင်သည့် လက္ခဏာများ အကြောင်းနှင့် တကိုယ်ရေသန့်ရှင်းရေးအတွက် နေထိုင်ရန် နည်းလမ်းများအား ဟောပြောခဲ့ပါတယ်။ 

ထို့နောက် ဒေါက်တာသီတာလှိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၁၃)ဦးအား သွားနှင့်ခံတွင်း စစ်ဆေးပေးခြင်း၊ အရေပြားရောဂါရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ အခြေခံကျောင်းများစွာကို ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ပေးလျှက်ရှိတဲ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။