ပြည်တွင်းနိုင်ငံခြားသားဝင်ရောက်မှုကတော့ တစ်နှစ်ထက်တစ်နှစ်ပိုမိုများပြာလျှက်ရှိတာတွေ့ရပါတယ်။ တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသားခရီးသွား ဧည့်သည်များ နေ့စဉ်ဝင်ရောက် လည်ပတ် လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ်အဖြစ် စုစုပေါင်း ၂၃၇၈၀ ဦး ဝင်ရောက်လည်ပတ်ခဲ့ ပြီး၊ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ၅၇၂၅၇၅ဦး ရှိကြောင်း သိရပါတယ်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များသည် မြန်မာနိုင်ငံအတွင်း ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှရှုခင်းများနှင့် အထင်ကရနေရာများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကြည့်ရှုလေ့လာရန် ဝင်ရောက်လျက်ရှိတာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါနိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုကတော့ တစ်ပတ်အတွင်း တာချီလိတ်နေ့ချင်းပြန်အဖြစ် ထိုင်းနိုင်ငံသား၂၂၃၈၆ ဦး နှင့် တတိယနိုင်ငံသား(နိုင်ငံခြားသား) ၂၃၄ ဦး၊ တာလေ-လန့်တောင်းဘုရားသို့ ၄ ဦး၊ ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့နှင့်ကျိုင်းတုံမြို့သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၁၀၄ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၁၀၅၂ ဦး ဝင်ရောက် လည်ပတ်ခဲ့ကြောင်း သိရပါတယ်။

ချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ နေ့ချင်းပြန်နှင့် ညအိပ်ခရီးသည် ထိုင်းနိုင်ငံသား ၅၂၅၄၉၃ဦး၊ တတိယနိုင်ငံသား(နိုင်ငံခြားသား)၆၅၆၇ ဦးနှင့် လန့်တောင်းဘုရားနေ့ ချင်းပြန် ထိုင်းနိုင်ငံသား ၁၉၅ ဦး၊ မိုင်းဖုန်း နေ့ချင်းပြန်ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသား ၁၁၃ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ခရီးစဉ်တွင် ၆၃၃၇ ဦး၊ ဗီဇာ(ဗီဇာကင်းလွတ်ခွင့်) ဖြင့် ပြည်တွင်းခရီးစဉ်သို့ ၃၃၈၇၀ဦးတို့ရှိကြောင်းသိရပါတယ်။ အဆိုပါခရီးသွားဝင်ရောက်မှုစုစုပေါင်း ဧည့်သည် ၅၇၂၅၇၅ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရပာတယ်။

Source - MoI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။