ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ယာဉ်မတော်တဆဖြစ်စဉ်တွေကြောင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို နေ့စဉ်တင်းကျပ်နေရပြီး အသိပညာပေးလုပ်ငန်းတွေကိုလည်း အဆက်မပျက်လုပ်ဆောင်လျှက်ရှိတာတွေ့ရပါတယ်။ ချင်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေး ဦးစီးဌာနနှင့် အမှတ်(၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကုန်တင်ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းကို ဒီကနေ့ နံနက် ၉နာရီက ဟားခါးမြို့ ဗိုလ်ချုပ် လမ်းမကြီးတလျှောက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါတယ်။

ဟားခါးမြို့တွင်း မောင်းနှင်လျက်ရှိသည့် ကုန်တင်ယာဉ်များ၊ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်မှု မပြုရန်နှင့် ချင်းပြည်နယ်အတွင်း မြို့တွင်းလမ်းများ၌ စည်းကမ်းချက်များနှင့် အညီ တစ်နာရီ မိုင် ၂၀ နှုန်း၊ ကီလို၃၂ ကီလို ထက်ပိုမိုမောင်းနှင်မှု မပြုရန်တို့ကို ပြောပြခဲ့ပါတယ်။ ဒါအပြင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် များပြည့်စုံမှုရှိစေရန်၊ ကုန်တင်ကား နောက်ဖုံး ဖွင့်၍ မောင်းနှင်ခြင်းမပြုရန်နှင့် မောင်းနှင်ခဲ့ပါက လုံခြုံရေး အသိပညာပေး ဆိုင်းဘုတ် ချိတ်ဆွဲ ထားရန် တို့ကို အမှတ်(၁၆)ယာဉ် ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဘင်နီဖိုင်းနှင့် လုပ်ငန်း လိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေး ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်တို့က အသိပညာပေး ပြောကြားခဲ့ပါတယ်။

ကုန်တင်ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးခြင်းတွင် အမှတ်(၁၆) ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး ဘင်နီဖိုင်း ၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းရေး ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်၊ ပြည်နယ်ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးကီးကေ၊ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ဟားခါး) ရဲအုပ်ကိုကိုမောင်နှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ မဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာ ယာဉ်အန္တရယ် ကင်းရှင်းရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့တဲ့ ပုံရိပ်အချို့ကို မျှဝပေေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။