အန္တရယ်ရှိသတ္တဝါတွေထဲမှာ ပရိသတ်တွေကြားရေပန်းစားနေတဲ့ ပဒူအုံသတင်းတွေကတော့ ပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ နေရာအနှံ့အပြားမှာ မကြာခဏအန္တရယ်ပြုလေ့ရှိပြီး ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကတော့ နေ့စဉ်ကြားနေရဆဲဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း ပဒူအုံအန္တရယ်ပြုမှုတစ်ခုကို သွားရောက်ရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါ လုပ်ဆောင်မှုကတော့ ၂၀.၆.၂၀၁၉ရက်နေ့ ဇွန်လ ညနေ ၃အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အ.မ.က(၂)ကျောင်းဝန်းအတွင်း သရက်ပင်နှင့် မြသိန်းတန်ဘုန်းကြီးကျာင်းဝန်းအတွင်းရှိ ၂ ထပ်ကျောင်းဆောင်အပေါ်ထပ်တွင် ပဒူအုံများအသိုက်ဖွဲ့နေကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ သန္ဓေ (၁၂)ဦး၊ အရန် (၂၀)တို့ဖြင့် သွားရောက်ရှင်းလင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ပဒူအုံများကို မီးနှင့်ပိုးသက်ဆေးကို အဓိကအသုံးပြုခဲ့တာဖြစ်ပြီး ပတ်ဝန်းကျင်အန္တရယ်မဖြစ်စေအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်။

http://s5.kh1.co/7a/7ad2b00ea040bff776165c8ee19f474747a1c7ac.jpg

ပဒူအုံအသိုက်တည်နေသော သစ်ပင်ကို မီးမြိုက်ခြင်း မီးခိုးငွေ့တိုက်ခြင်းတို့နဲ့အတူ ရှင်းလင်းခဲ့ကြကြောင်း သိရပါတယ်။ မကြာခဏတွေ့မြင်နေရတဲ့ ပဒူအုံအန္တရယ်ပြုမှုတွေထဲကတစ်ခုဖြစ်တဲ့ ရွှေပြည်သာမြို့ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - mYNMAR F S D

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။