ပရိသတ်တွေကြားရေပန်းစားလျှက်ရှိတဲ့ မန္တလေးကျူံးအနီးရှိ အများပြည်သူပိုင် Food Box ကိုတော့ အားလုံး သိရှိပြီးဖြစ်မယ်ထင်ပါတယ်။ ကမ္ဘာအနှံ့အပြားမှာ ရေပန်းစားသွားခဲ့တဲ့ အဆိုပါ ပရဟိတလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံအများအပြားက ချီးကျူးလျှက်ရှိတာလည်းတွေ့ရပါတယ်။  

လက်ရှိ အဆိုပါ Food Box ကို ပရဟိတအဖွဲ့တစ်ဖွဲ့တည်းကသာမက စေတနာရှိသူတိုင်းလာရောက် လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ ပြည်တွင်းပြည်ပ လူမျိုးဘာသာမရွေးယူဆောင်စားသောက်နိုင်တဲ့ အလှူတစ်ခုဖြစ်သလို ကမ္ဘာလှည့်ခရီးသွားများစွာရဲ့ လေးစားမှုတွေကို ရရှိထားတဲ့ ပရဟိတလုပ်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။  

အဆိုပါ Food Box ကို မန္တလေးကျူံး အရှေ့ဘက် ၆၆ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားမှာပြုလုပ်ထားတာဖြစ်ပြီး နောက်ထပ်ကျူံးပတ်လည်မှာထားရှိဖို့ စီစဉ်လျှက်ရှိကြောင်းသိရပါတယ်။ Food Box တွင်ကပ်ထားတဲ့ "ကိုယ်အတွက်လဲယူ နောက်လူမစားရမှာလဲစိတ်ပူ"ဆိုတဲ့ စာသားလေးနဲ့အတူ အလှူရှင်တွေအတွက် လေးစားဂုဏ်ပြုရင်းမျှဝေပေးလိုက်ပါတယ်။

pHOTOS - MK DISTRIBUTION COMPANY LTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။