ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ဟာဖြင့် အမေစုရဲ့ ၇၄နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နှစ်စဉ်အမေစုရဲ့မွေးနေ့ကို ပြည်သူများစွာက မွေးနေ့အမှတ်တရလေးတွေပြုလုပ်ပေးလေ့ရှိပြီး မွေးနေ့ဆုတောင်းများ တောင်းပေးလေ့ရှိတာလည်းတွေ့ရပါတယ်။ မွေးနေ့အမှတ်တရအဖြစ် နှစ်စဉ်ကိတ်မုန့်ခွဲခြင်းနဲ့အတူ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်းတွေကို လုပ်ဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်။  

အဆိုပါ ဒေါ်အောင်စုကြည်ရဲ့ မွေးနေ့ကို ပြည်တွင်းနာမည်ကြီးအနုပညာရှင်များစွာနဲ့အတူ အခြားအခြားသော အမေစုချစ်ပြည်သူတွေက အမှတ်တရအလှူလေးတွေပြုလုပ်ပေးလေ့ရှိတာတွေ့ရပါတယ်။ လက်ရှိ နေပြည်တော်မှာရောက်ရှိနေတဲ့ အမေစုအတွက် မွေးနေ့ကိတ်ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်အတူ သမ္မတဟောင်းဦးထင်ကျော်တို့က တက်ရောက်ဂုဏ်ပြုပေးခဲ့ကြောင်း သိရပါတယ်။  

ရန်ကုန်မှာမရှိနေပေမယ့် အမေစုအတွက်မွေးနေ့အမှတ်တရနဲ့ အလှူတွေကိုဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။ နေပြည်တော်မှာ သမ္မတနှစ်ဦးနဲ့အတူ မွေးနေ့ကိတ်ခွဲရင်း ၇၄ နှစ်ပြည်မွေးနေ့ကို ဖြတ်သန်းနေတဲ့ အစေုရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

vide0 - bbc B

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။