မြန်မာနိုင်ငံတော်ရဲ့ အဓိကပင်မသစ်ပင်ကြီးတစ်ခုဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို အားလုံးလေးစားမိမယ်ထင်ပါတယ်။ ပန်းတိုင်တစ်ခုရောက်ဖို့ အချိန်များစွာ ရင်းနှီးခဲ့ပြီး လက်ရှိ အသွင်သစ်အမြင်သစ် များစွာကို ဖန်တီးပေးနေသူတစ်ယောက်ဖြစ်တာကို အားလုံးလက်ခံလျှက်ရှိတာတွေ့ရပါတယ်။ ဖခင်သွေးအပြည့်ပါသူတစ်ယောက်ဖြစ်ပြီး လက်ရှိအထိ ပြည်သူများရဲ့ အားကိုးရာ တစ်ခုပဲဖြစ်ပါတယ်။  

ဒီကနေ့ ဇွန်လ ၁၉ရက်နေ့ဟာဖြင့် အမေစုရဲ့ ၇၄နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နှစ်စဉ်အမေစုရဲ့မွေးနေ့ကို ပြည်သူများစွာက မွေးနေ့အမှတ်တရလေးတွေပြုလုပ်ပေးလေ့ရှိပြီး မွေးနေ့ဆုတောင်းများ တောင်းပေးလေ့ရှိတာလည်းတွေ့ရပါတယ်။ အဆိုပါ မွေးနေ့ဆုတောင်းတောင်းပေးသူတွေထဲမှာ လူပေါင်းများစွာစုပေါင်းလုပ်ဆောင်ခဲ့တဲ့ မွေးနေ့လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းလုပ်ဆောင်မှုကတော့ ရန်ကုန်မြို့လူစည်ကားရာနေရာတစ်ခုဖြစ်တဲ့ မဟာဗန္ဓုလပန်းခြံမှာ လူပေါင်း ၇၄၀ မှ ကဒ်ပြားများကိုင်ဆောင်ပြီး စုပေါင်းအင်အား ၁၀၀၀ခန့် မွေးနေ့အမှတ်တရပြုလုပ်ပေးခဲ့ကြတာတွေ့ရပါတယ်။  

ဒါအပြင် အမေစုမွေးနေ့အမှတ်တရအဖြစ် တက်ရောက်လာသူတွေက စုပေါင်းလှူဒါန်းငွေ သိန်းတစ်ရာကျော် (၁၀၃၁၇၀၅၀)ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ ဒေါက်တာသန့်ဇော်သို့ တခါးတည်းလက်ရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ အမေစုရုပ်ပုံကို စည်းစည်းလုံးလုံးလုပ်ဆောင်ခဲ့ကြတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - အရည်ကြို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။