မိုးရွာသွန်းမှုတွေကတော့ ပြည်တွင်းနေရာအနှံ့အပြား ရှိနေပြီး တစ်နေ့ထက်တစ်နေ့ပိုမိုများပြားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိုးရွာသွန်းမှုတွေထဲမှာ သာမာန်ထက်ပိုမိုရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေရှိနေပြီး လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုတွေများစွာရှိနေကြောင်း သိရပါတယ်။  

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဇွန်လ ၁၈ရက်နေ့ ဒီကနေ့နံနက် ၇နာရီခွဲက နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်း ကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂) အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းလာလာပြီး ကားလမ်းမပေါ် ရေ(၁)ပေခန့် ရေကျော်မှုဖြစ်ပွားလျှက်ရှိပါတယ်။  

ကားလမ်းရေကျော်နေသော်လည်း မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ပုံမှန်ဖြတ်သန်းသွားလာလျက်ရှိပြီး အဆိုပါရေကျော်သည့်နေရာသို့ မုဒုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးလွင်ဦး၊ ကမာဝက်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ညီညီထွေးနှင့် ရဲတပ်ဖွဲ့ဝင်များ မြို့နယ်မီး သတ်ဦးစီးမှူး ဦးမြင့်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်တပ်ဖွဲ့ဝင်များ၊ နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများမှ လူနှင့်ယာဉ်အနရာယ် မရှိစေရေးအတွက် ကြပ်မတ်စောင့်ကြည့်လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ကားလမ်းရေကျော်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။

source - The Mirror Daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။