နေ့စဉ်ကြားနေရတဲ့ ယာဉ်တိုက်မှုတွေထဲမှာ သာမာန်ဖြစ်စဉ်တွေနဲ့အတူ လူသေဆုံးမှုတွေလည်း များစွာရှိခဲ့ပါတယ်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွေကြောင့် ဆုံးရှုံးမှုများစွာနဲ့အတူ ဝမ်းနည်းစရာဖြစ်ရပ်တွေကလည်း မရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။ ၎င်းယာဉ်တိုက်မှုတွေထဲမှာ လူသေဆုံးမှုတွေပါရှိခဲ့တဲ့ ယာဉ်တိုက်မှုတစ်ခုကတော့ ဇွန်လ ၁၈ရက်နေ့ ဒီကနေ့ အစောပိုင်းမှာဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ယာဉ်တိုက်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် ၄ ရပ်ကွက် ရန်ကုန်-ပြည်လမ်းမကြီးတွင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး" (၈)မိုင်ဘက်မှ မောင်းနှင်းလာသော Hijet အဖြူရောင်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ အင်းစိန်ဘက်မှ (၈) မိုင်ဘက်သို့မောင်းနှင်းလာသော YBS 37 အဝါရောင်ယာဉ်အား တိုက်မိမှုဖြစ်ပွားကြောင်း " မျက်မြင်သတ်သေတစ်ဦးကပြောပြခဲ့ပါတယ်။  

ယာဉ်တိုက်မှုကြောင့် Hijet အဖြူရောင် ယာဉ်တွင်ပါလာသော ကျား(၁)ဦးသေဆုံးခဲ့ပြီး ကျား(၁)ဦး မ (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါ ဒဏ်ရာရရှိသူတွေကို မြတ်ကုသိုလ် ပရဟိတ အသင်းမှ သူနာတင်ယာဉ်(၁)စီး၊ ရှင်သန်ရေးကူညီမှု အသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုပုံရိပ်တွေနဲ့အတူ ယာဉ်မောင်းညီအကိုတွေသတိပြုမောင်းနှင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

source - Myanmar Fire Services Department 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။