ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်လျှက်ရှိတဲ့ မြန်မာ့နိုင်ငံမှာ ဗုဒ္ဓပူဇော်ပွဲတွေကတော့ လစဉ်တိုင်းပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြုလုပ်မှုတွေထဲမှာ ထီးတော်တင်လှူဒါန်းမှုတေါကတော့ မရေမတွက်နိုင်အောင် များပြားလျှက်ရှိတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၌ (၁၁၄၅)ခုနစ်က ဘိုးတော်ဦးဝိုင်း တည်ထားတော်မူခဲ့သော ရွှေဂူကြီးစေတီတော်အား (စတီးရွှေရောင်) ထီးတော်သစ်ကြီး တင်လှူပူဇော်ပွဲ အခမ်းအနားကို ဒီကနေ့ နံနက် (၉)နာရီအချိန်က ကသာမြို့၊အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွှေဂူကြီးဘုရားဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ 

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကသာမြို့မြို့နယ် ဩဝါဒစရိယ လေးထပ်ကျောင်း ဆရာတော်ဘဒ္ဒန္တကုသလထံမှ ဧည့်ပရိတ်သတ်များကို ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ပါတယ်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ် တို့အား ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်၊ နံသာရေ အစရှိသည့်များကို ကပ်လှူပူဇော်ခဲ့ကြပြီး၊ ကြွရောက်တော်မူလာကြသော ဆရာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များနာယူပြီး လှူဖွယ်ဝထ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ 

ထီးတော်ဘုံအဆင့်ဆင့် ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား ဆရာတော်များမှ ဦးဆောင်ပြီး တာဝန်ရှိသူများက လက်ယာရစ်(၁) ကြိမ်ပူဇော်ကာ မင်္ဂလာအချိန် ကျရောက် ပြီဖြစ် သည့်အတွက် ရွှေထီးတော် ဘုံအဆင့်ဆင့်တို့အား အစီအစဉ်အတိုင်းကပ်လှူပူဇော်ခဲ့ပါတယ်။ အဆိုပါ ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားသို့ ထီးတော်အလှူရှင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။