ပရိသတ်ကြီးရေ.....ကိုယ်ခန္ဓာ အဆီတွေတိုးပြီး နေရထိုင်ရတာ သက်တောင့် သက်သာ မရှိလှဘူးလို့ ညည်းနေတတ်ကြပေမယ့် အစားအသောက် ၊ အနေအထိုင်ကိုတော့ ဂရုမစိုက်မိကြတာဟာ လူတော်တော်များများပါပဲနော်....။ အိုင်တီခေတ်ကြီးဖြစ်တာမလို့ နေ့စဉ်နဲ့အမျှ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်ကာ အလုပ်လုပ်..၊ အပန်းဖြေတာဟာ အချိန်ကြာလာရင် လူ့ခန္ဓာကိုယ်ကို ထိခိုက်စေလာတာပဲဖြစ်ပါတယ်....။ အဝလွန်၊ အဆီပိတ်ပြီး နောက်ဆက်တွဲရောဂါတွေ မဝင်လာရစေအောင် လေ့ကျင့်ခန်းလေးတွေလုပ်ပြီး၊ သင့်တင့်မျှတဲ့ အစားစာတွေကို စားပေးရမှာပါ...။ ထိုကဲ့သို့ ကိုယ်အလေးချိန် လျော့ကျအောင်ဆိုပြီး စားသင့်တဲ့ အစာပမာဏထက် ပိုမိုလျော့စားတဲ့အခါမှာ လုံလောက်တဲ့ အစာအဟာရ မရရှိခြင်းကြောင့်လည်း မကျန်းမာဘဲ...၊ နေလို့ထိုင်လို့မကောင်းတာတွေဖြစ်လာမှာကိုလည်း အထူးဂရုပြုရမှာပါ...။

ပရိသတ်ကြီးတို့အတွက် အရေးပါပြီး အဓိကျတဲ့ အစားစားနည်း (၁၀)မျိုးကို တင်ဆက်ပေးလိုက်ပါတယ်....။ ထိုကဲ့သို့စားချင့်ဖြင့် ကျန်းမာချမ်းသာတဲ့ လူနေမှုဘဝပုံစံကို ပိုင်ဆိုင်စေမှာပါ....။ ပထမအရေးကြီးတဲ့ အချက်ကတော့ အစာစားတဲ့အခါမှာ ကိုယ်အလေးချိန်လျော့ကျဖို့ အတွက်မဟုတ်ဘဲ ကျန်းမာသန်စွမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ထားပြီးစားပေးရမှာပါနော်....။ နံနက်ခင်းစာ စစချင်းစားတဲ့အခါမှာ "ဘုရင်လိုစားပေးထားခြင်း" ဖြင့်နာရီပေါင်းများစွာ ဗိုက်ဝနေပြီး စွမ်းအားအပြည့်နဲ့ လူကြီးမင်းတို့ရဲ့ တစ်နေ့တာကိုဖြတ်သန်းနိုင်မှာပါ...။ ငါး ၊ ကြက်သား နှင့် ဟင်းသီးဟင်းရွက်များ ၊ အသုပ်များကို ပိုမိုစားသုံးရမှာဖြစ်ပြီး.....၊ အနီရောင် အသား (အမဲသား၊ ဆိတ်သား၊ သိုးသား) ၊ ဝက်သား၊ အာလူး ၊ pasta နှင့် pastry တို့ကို လျှော့စားခြင်းဖြင့် ကယ်လိုရီ နဲ့ ကိုလက်စထရော တို့ကို အတတ်နိုင်ဆုံးထိန်းညှိလျှော့ချရမှာပါ....။ ဆီကို ညှစ်လို့ရတဲ့ ပလပ်စတစ်ပုလင်းဖြင့် ထည့်ခြင်းဖြင့် အနည်းအငယ်ပဲသုံးစွဲမိအောင် ပြုလုပ်မိသားဖြစ်မှာပါ...။

နို့ခရင်မ် တွေအစား ဒိန်ချဉ်ကိုသုံးပေးရမှာပါ....။ အသီးအနှံတို့ကို မုန့် အဆာပြေ စားတဲ့အခါမျိုးမှာ ပိုမိုစားသုံးခြင်းဖြင့် ဆီကြော်တွေကို ရှောင်ကြဉ်ပြီးသားဖြစ်မှာပါ...။ အသားများကို မီးဖုတ်စားမယ့်အစား ပေါင်းပြီးစားပေးရမှာဖြစ်ပါတယ်....။ ကြော်စားတဲ့အခါမှာလည်း ဆီပူထဲကို အကြာကြီးထည့်ကြော်တာမျိုးမလုပ်သင့်ပါဖူး....။ အာလူး ၊ pasta နှင့် pastry တို့ကို ညစာအနေနဲ့ စားမယ့်အစား နေ့လယ်စာမှာသာ စားသုံးပေးရမှာပါ...။ alcohol သောက်သုံးတာကို လျော့ချရမှာဖြစ်ပြီး...၊ နောက်ဆုံး သောက်မယ်ဆိုလျှင်လည်း ညစာနှင့်အတူ သောက်သုံးခြင်းကို အတတ်နိုင်ဆုံးပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်...။ လှပတဲ့ မနက်ဖြန်များစွာမှာ ကျန်းမာရွှင်လန်းစွာဖြင့် အလုပ်လုပ်နိုင်ရန် ဒီကနေ့ထဲကနေစပြီး သန့်ရှင်းလတ်ဆတ်တဲ့ အဟာရ ရှိမယ့်အစားအစာကိုသာ ရွေးချယ်စားသုံးကြဖို့ တိုက်တွန်းပါရစေ....။

Source ဝီကီပီဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။