အဝလွန်သူများရဲ့ ဒူးဆစ်တွေ ဟာ အရိုးအဆစ်ရောင်ရမ်းနာဖြစ်နိုင်ခြေပိုများပြီး ဖြစ်ရင်လည်း ပို၍နာကျင်မှုခံစားရကြောင့်ကို လ့လာဆန်းစစ်မှုတစ်ရပ်အရ သိရှိခဲ့ရပါတယ်။ အဝလွန်သူများဟာ အထူးသဖြင့် အမျိုးသမီးများမှာ အရိုးအဆစ်ရောင် ရမ်းမှုပို၍ဖြစ်ပွားသည့်အပြင် အရိုးအဆစ်ရောင်ရမ်းမှုဖြစ်ပွားပါကလည်း အခြားသူများထက် ပို၍ပြင်းပြင်း ထန်ထန်ခံစားရကြောင်း ဝဖြိုးသူများမှာ ပိန်သူများထက် အရိုးအဆစ် ရောင်ရမ်းနာ နာကျင်မှု ပို၍ခံစားရသည်ကို တွေ့ရှိခဲ့ကြရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် San Jose State တက္ကသိုလ်မှ မနုဿဗေဒ ပညာရှင်တစ်ဦးက လက်ချောင်း၊ လည်ပင်း၊ ဒူးဆစ်နှင့် တင်ပါးတို့ရှိ အရိုးအဆစ်တစ်လျှောက် တွယ်ကပ်နေသော အရိုးနုများ သေးသွား (သို့မဟုတ်) ပါးသွားပါက အရိုးအဆစ်ရောင်မှုဖြစ်ပေါ်နိုင်ကြောင့်၊ အရိုးအဆစ်ရောင်မှုကြောင့် အရိုးများ ပွတ်တိုက်ကြရာမှ လမ်းလျှောက်ခြင်းအပါအဝင် နေ့စဉ်လှုပ်ရှားမှုများ နာကျင်မှုဖြစ်ပေါ်လာနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စုတွင် အသက် (၂၅)နှစ် အထက်ရှိ ပြည်သူ ၁၄ ရာခိုင်နှုန်းမှာ အရိုးအဆစ်ရောင်ရမ်းနာ တစ်မျိုး (သို့မဟုတ်) တစ်မျိုးကို ခံစားရလေ့ရှိကြောင်း သိရသည်။ အရိုးအဆစ်ရောင်ရမ်းခြင်းကိုသိရှိရန် အသက်(၄၅)နှစ်မှ (၇၉)နှစ်အထိ လူပေါင်း ၅ဝဝဝ နီးပါးကို လေးနှစ်ကြာ သုတေသနပြု လေ့လာဆန်းစစ်ခဲ့ပြီး ၁၃၉ဝ မှာ အရိုးအဆစ်ရောင်ရမ်းသူများ ဖြစ်ပြီး ၃၂၈၄ ဦးမှာ အရိုးအဆစ် ရောင်ရမ်းနာဖြစ်ပွားရန် အလားအလာရှိသူများဖြစ်ကာ ၁၂၂ ဦးမှာ အရိုးအဆစ်ရောင်ရမ်းနာ လုံးဝမရှိသူများဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် အဝလွန်လာတာနဲ့ အမျှ ရောဂါတွေဟာလည်း ဝင်ရောက်လာတာမို့ အဝမလွန်အောင် ထိန်းထားဖို့ လိုအပ်ပါတယ်။

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။