ကလေးငယ်ရဲ့ နုနယ်တဲ့ ဖြူစင်မှုကို ဖျက်ဆီးတာ ကိုတောင် မလုံလောက်သေးဘဲ အသက်ပါနှုတ်ယူသွားတဲ့သူ....

အသက် ၁၀ နှစ်အရွယ် ဗာဂျီးနီးယားက ကလေးငယ် ဟာ ဗုဒ္ဓဟူးနေ့က ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ ကလေးငယ်ဟာ သူ့ မိခင်ရဲ့ ရည်းစာ (သို့) ပထွေးဖြစ်လာတော့ မယ့်သူရဲ့ အနိုင်ကျင့် မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ကလေး ငယ်ကို တော့ အိမ်ရဲ့ မြေအောက်ခန်း မှာ သွေးတွေ နှင့်အတူ သူမ မိခင်က ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိပြီးဖြစ်တဲ့ ကလေးရဲ့ မိခင်နှင့် အတူတူနေ နေတဲ့ သူမရဲ့ ရည်းစား က ကလေးငယ် ထိခိုက်ခဲ့တာကို မသိခဲ့တဲ့ အတွက် လန့်ဖြန့်သွားခဲ့ပြီး သူကနေ ထပ်ပြီးတော့ ကလေးငယ်ကို အနိုင်ကျင့်ရာမှ ရတဲ့ဒဏ်ရာတွေကို သက်သာအောင်လုပ်ပေးခဲ့ပါသေးတယ်ဆိုပြီး ညည်းငြူပြန်ပါတယ်။

ထိုသူကို တရားစွဲဆိုခဲ့ကြပြီး ကလေးငယ် မိခင်ရဲ့ ဝမ်းကွဲ အစ်မကတော့ 'ကျွန်မ ကတော့သူကို ကျွန်မတူမလေး ခံစားခဲ့ရတဲ့ အနာတရတွေ ဒဏ်ရာတွေ အတိုင်း တစ်စက်မှ မလျှော့ဘဲ ခံစားစေချင်တယ်'လို့ပြောကြားခဲ့ပါတယ်။

ကလေးငယ်ရဲ့ နောက်ဆုံးထွက်သက်ကိုဘဲ မှီလိုက်တဲ့ ပူပင်ဆင်းရဲ နေတဲ့ မိခင်က တော့ 'ကျွန်မ ကလေးရဲ့ နုနယ်ပျိုမြစ်မှုတွေ ယူသွားတာတောင် အားမရသေးဘဲ ကလေးရဲ့ အသက်ကိုပါသူယူသွားတဲ့ သိုးအရေခြုံထားတဲ့ မြေခွေးဆိုပြီး နိုင်းယှဉ်ပြောခဲ့ပါတယ်။

translated by Anna

Source: buzzfeed

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။