စိတ်ကျရောဂါက အဖြစ်များတဲ့ ရောဂါတစ်ခုပါ ၊ကမ္ဘာပေါ်မှာ စိတ်ကျရောဂါက နံပါတ်(၄) အဆင့်ထိရှိနေပါတယ်၊ လူ(၁၀) ဦးမှာ (၁) ဦးဟာစိတ်ကျဝေဒနာခံစားနေရပါတယ် ဒီရောဂါက နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ဝင်ငွေ အခြေအနေပေါ်မှာ မူတည်ပြီးတော့လည်း ဖြစ်ပေါ်စေနိုင်ပါတယ် ။ စိတ်ဓာတ်ကျခြင်းအကြောင်းရင်တွေက များစွာရှိနေတာမို့ တစ်ယောက်အကြောင်းနဲ့ တစ်ယောက် စိတ်ဓာတ်ကျပုံခြင်းတော့ တူနိုင်မှာ မဟုတ်ပါဘူး။

စိတ်ကျရောဂါဖြစ်နေတဲ့ သူတစ်ဦးဟာ အိပ်ချိန်နည်းလာမယ်၊မနက် ၃ နာရီထပြီး ပြန်အိပ်မရတော့ဒါတွေဖြစ်လာမယ် TV မကြည့်ချင်တော့ဘူး။သီချင်းနားမထောင်ချင်တော့ဘူး အလှူအတန်းတွေလည်းသွားဖို့စိတ်မပါတော့ဘူး လုပ်ငန်းခွင်မှာလည်း အာရုံစူးစိုက်မှု မလုပ်နိုင်တော့ဘူး ၊ စွမ်းဆောင်ရည်တွေ ကျဆင်းလာမယ်။ ကိုယ်ကိုကိုယ်ပြင်ပြင်ဆင်ဆင်မနေချင်တော့ဘူး တစ်ခါတစ်ခါ ရေချိုးဖို့ တောင် စိတ်မဝင်စား တော့ဘူး ၊ဆုံဖြတ်ချက်တွေရဲရဲမဆုံးဖြတ်တော့ဘူး ၊ စိတ်ကျရောဂါများတဲ့နိုင်ငံဟာလည်း တော်တော်လေးကို ကျန်းမာရေး လူမှုရေး စီးပွားရေး ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။

ဒါကြောင့် စိတ်ကျန်းမာအောင် ဘုရားတရား အလုပ်ကိုလည်း နေ့စဉ် ပြုလုပ်ပေးသင့်ပါတယ်။ ဘယ်ဘုရားမဆို ကောင်းကျိုးအထွေထွေကို ဟောပြလမ်းညွန်ကြတာမို့ စိတ်ဓာတ်ကျနေသူတွေ ဟာ ပိုပြီး ဘုရားတရား လုပ်သင့်ပါတယ်။ စိတ်ကျန်းမားခြင်းရဲ့ရလဒ်တွေကတော့ မိမိရဲ့စွမ်းဆောင်နိုင်တဲ့အရည်အသွေးကို သိရှိခြင်း၊ သာမန်စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ သဟဇတ ဖြစ်အောင်နေတတ်ခြင်း၊ တွေကို ခံစားရမှာပါ။ စိတ်ကျန်းမာရေး ချို့ယွင်းနေတဲ့လူ စိတ်ကျရောဂါခံစားနေတဲ့သူတွေဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတွေကို လုပ်လာနိုင်ပါတယ် စိတ်ဓာတ်ကျနေသူတွေကို မိသားစုကရော ပတ်ဝတ်ကျင်ကရော ကြင်နာစွားလက်တွဲ ခေါ်ပေးဖို့ကိုလည်း တိုက်တွန်းချင်ပါတယ် စိတ်ကျရောဂါခံစားနေရတဲ့ သူတွေဟာ ကိုယ့်ကိုကိုယ်သတိမထားတတ်ကြပါဘူး မိမိကိုယ်ကို မိမိဂရုစိုက်ပါ မိတ်ဆွေသူငယ်ချင်းတွေနဲ့ များများနေပေးပါ တရားထိုင်ခြင်းဟာလည်း စိတ်ကျန်းမာရေးကိုကောင်းစွာအထောက်အကူပြုပေးပါတယ်  

Myanmarload 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။