မြို့ပေါ်မှာ နေထိုင်နေတဲ့ သူများအဖို့ လေလွင့်ကြောင်တွေ ခွေးတွေကိုမြင်ဖူးကြမှာပါ။ထိုတိရစ္ဆာန်လေးတွေရဲ့ ဘဝမှာ စာနာတဲ့သူမရှိဘဲ စွန့်ပစ်ခံဘဝ ဖြစ်တဲ့အတွက် အလွန်သနား ဖို့ ကောင်းပါတယ်။ မထင်ရင် မထင်သလို လမ်းသွားလမ်းလာတွေရဲ့ နှိပ်စက်ခြင်းကို အမြဲခံနေရတာပါ။ သူတို့ ကလဲ သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံ မဲ့ သခင်တွေကို အားကိုးတကြည်းစောင့်မျှော်နေဆဲပါ။ ဒီကြောင်လေးကတော့....

ပုံထဲ မှာတွေ့ ရတဲ့ ကြောင်လေးက တော့ ပိုင်ရှင်မရှိဘဲ ဘဝကို ဖြတ်သန်းနေရတဲ့ အပြင် သူ့ရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ ပုံပန်းသွင်ပြင် ကြောင့် ကျွေးမွေးမဲ့သူ မရှိသလို အနားကပ်ရင်ကို လူတွေက မောင်ထုတ်ကြပါတယ်။ သို့သော်လည်း တိချစ်သူ တစ်ဦးက ဖေ့ဘွတ်ပေါ်တင်လိုက်တဲ့ အခါမှာ တော့ သူ့ကို မွေးမယ့်ပိုင်ရှင်ပေါ်ထွက်လာခဲ့ပါတယ်။

သူ့ကို မွေးစားပြီး ကောင်းကောင်းမွန်မွန်ကျွေးမွေးခဲ့တဲ့ ပိုင်ရှင်ကြောင့် ကြောင်လေးဟာ အခုဆိုရင် အရင်အခြေအနေ နှင့် ကို လုံးဝမတူဘဲ ကွဲပြားခြားနားကာ လှပနေတဲ့ ပုံကိုတွေ့ရမှာပါ။

ဝဲတွေပြည့် နှက်နေတဲ့ ခန္ဓာကိုယ်ကနေ ဖြူဖွေးတဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲသွားတဲ့ ကြောင်လေး မောင်ကံကောင်းဟာ မူလ အခြေအနေတုံးက သူ့ကို မောင်းထုတ်ခဲ့ကြတဲ့ သူတွေ က အခုဆိုရင်တော့ ထွေးပွေ့ဖို့ ဝန်မလေး သလို မွေးဖို့ ပေးရင်တောင် လိုချင်တဲ့သူ တစ်ပုံကြီးနေမှာပါ။

အဲ့ဒီလိုဘဲ လူ့ဘဝမှာ ဆိုရင် မိမိ ရှုံးနိမ့်နေတဲ့ အခြေအနေ မှာ မိမိကို ဝိုင်းဝန်းချိုးနိမ့်ကြမှာဖြစ်ပြီး မိမိ အမြင့်ရောက်နေတဲ့ အချိန်ဆိုရင် မိမိကို လိုလားတဲ့သူတွေများပြားလာမှာပါ။ ထို့ကြောင့် ကိုယ်ရှုံးနိမ့်တဲ့ အခါ ကြံ့ကြံ့ခံနိုင်ရမှာဖြစ်ပြီး ကိုယ်အောင်မြင်တဲ့ အခါ ကြရင်လဲ ဘဝင်မမြင့်ဘဲ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ထို့နောက် တန်ဖိုး မသိတဲ့ သူတွေ လက်ထဲမှာ ကျောက်တုံး တစ်တုံးသာ ဖြစ်နိုင်သော်လည်း တန်ဖိုးသိတဲ့ သူတွေ လက်ထဲမှာဆိုရင် ပတ္တမြားတစ်ပွင့်ကဲ့သို့တန်ဖိုးရှိကြောင်း၊ အရာရာတိုင်းကို တန်ဖိုးထားသင့်ကြောင်း တွေးကြည့် မယ် ဆိုရင် ဒီအဖြစ်အပျက်ကနေ သင်ခန်းစာများစွာရနိုင်တဲ့ အတွက် စာဖတ်ပရိသတ်တို့ အနေ နှင့်ကြောင်လေးရဲ့ အဖြစ်အပျက်ကို လူအများသိပြီး သံဝေဂ ရနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။