ဖခင်မှကိုင်ပေါက်သည့်အတွက် ၂လသားကလေးလေး ဦးဏှောက်ထိခိုက်ပြီး သေဆုံး

၂လအရွယ်ကလေးလေးကို ဖခင်မှ ကိုင်ပေါက်သည့်အတွက် ဦးဏှောက်အပြင်းအထန် ထိခိုက်မိပြီး သေဆုံးခဲ့ပါတယ်။ ကလေးလေးရဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ်ကို November 8, 2014 ကတည်းက သူ့အဖေရဲ့အိပ်ခန်းထဲမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ အိမ်နီးချင်းတစ်ယောက်က ပြင်းပြင်းထန်ထန် ကိုင်ပေါက်တဲ့ အသံနဲ့အော်သံတွေ ကြားခဲ့ရတာကြောင့် လူနာတင်ယာဉ်ကို ဖုန်းဆက်ခဲ့ပါတယ်။ ဆေးရုံးမှာ သုံးရက်ကြာပြီး ကလေးလေးက သေဆုံးခဲ့ပါတယ်။ ဆေးမှတ်တမ်းအရ အရိုးတွေလည်း ကျိုးနေပြီး ဦးဏှောက်တွင်းလည်း သွေးယိုခဲ့ပါတယ်။ Robison ကတော့ သူ့သားသေရတာ သူ့ကြောင့်ဆုတာ ငြင်းဆန်ခဲ့ပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ် ၂၃ နေရာမှာ ဒဏ်ရာတွေလည်း တွေ့ခဲ့ရပါတယ်။ ကလေးရဲ့အမေကတော့ သူ့သားနှိပ်စက်ခံရတာကို မသိခဲ့ပါဘူးတဲ့။ ကလေးလေးက နှစ်ပတ်သားကတည်းက နှိပ်စက်ခံရတယ်လို့ ဒဏ်ရာများအရ ယူဆခဲ့ရပါတယ်။ မျက်မြင်သက်သေ မရှိတဲ့အတွက် ခုချိန်ထိ တရားရင်ဆိုင်နေရတုန်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။